အဂၤါၿဂိဳဟ္တြင္ ဆားဓာတ္ပါအရည္မ်ား သိုေလွာင္ထားသည့္ ေလွာင္ကန္ႀကီးတခု ေတြ႔

အဂၤါၿဂိဳဟ္ ေတာင္ဝင္႐ိုးစြန္းနားက ေရခဲျပင္ခ်ပ္ေအာက္မွာ ဆားဓာတ္ႂကြယ္ဝတဲ့ အရည္ေတြကို သိုေလွာင္ထားတဲ့ ေလွာင္ကန္ႀကီးတခု ရွိေနတာကို အီတလီ သုေတသီေတြက ေတြ႔ခဲ့ပါတယ္။

ကီလိုမီတာ ၂ဝ အထိက်ယ္တဲ့ အဲဒီေရေလွာင္ကန္ကို အဂၤါၿဂိဳဟ္ကိုပတ္ေနတဲ့ ဥေရာပ အာကာသယာဥ္တစင္းရဲ႕ ေရဒါကေန ဖမ္းမိခဲ့တာပါ။

အီတလီ အာကာသေအဂ်င္စီက ပညာရွင္ ၃၂ ဦးပါတဲ့ သုေတသနအဖြဲ႔ဟာ အခုေတြ႔ရွိခ်က္ကို သိပၸံဂ်ာနယ္မွာ ဇူလိုင္ ၂၅ ရက္ေန႔က ေဖာ္ျပခဲ့တာပါ/

သုေတသီေတြကေတာ့ အခုေတြ႔ရွိထားသလို အဂၤါၿဂိဳဟ္ေပၚက တျခားေနရာေတြမွာလည္း ေရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး မွန္ကန္တဲ့ နည္းလမ္းနဲ႔ ခြဲျခမး္စိတ္ျဖာႏိုင္ဖို႔ ေလ့လာစံုစမ္းတာေတြ ဆက္လုပ္သြားမယ္လို႔ ေျပာထားပါတယ္။

အခုေတြ႔ရွိခ်က္ဟာ အဂၤါၿဂိဳဟ္ေပၚမွာ ေရနည္းနည္းရွိခဲ့တယ္ဆိုတဲ့ အေစာပိုင္း ေတြ႔ရွိခ်က္ေတြကို ေက်ာ္လြန္ၿပီး သက္ရွိေတြ အခ်ိန္ကာလတခုအထိ ေနႏိုင္တဲ့ ေရပမာဏ ရွိခဲ့တယ္ဆိုတာကို ျပသေနပါတယ္။

DVB

အင်္ဂါဂြိုဟ် တောင်ဝင်ရိုးစွန်းနားက ရေခဲပြင်ချပ်အောက်မှာ ဆားဓာတ်ကြွယ်ဝတဲ့ အရည်တွေကို သိုလှောင်ထားတဲ့ လှောင်ကန်ကြီးတခု ရှိနေတာကို အီတလီ သုတေသီတွေက တွေ့ခဲ့ပါတယ်။

ကီလိုမီတာ ၂ဝ အထိကျယ်တဲ့ အဲဒီရေလှောင်ကန်ကို အင်္ဂါဂြိုဟ်ကိုပတ်နေတဲ့ ဥရောပ အာကာသယာဉ်တစင်းရဲ့ ရေဒါကနေ ဖမ်းမိခဲ့တာပါ။

အီတလီ အာကာသအေဂျင်စီက ပညာရှင် ၃၂ ဦးပါတဲ့ သုတေသနအဖွဲ့ဟာ အခုတွေ့ရှိချက်ကို သိပ္ပံဂျာနယ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖော်ပြခဲ့တာပါ/

သုတေသီတွေကတော့ အခုတွေ့ရှိထားသလို အင်္ဂါဂြိုဟ်ပေါ်က တခြားနေရာတွေမှာလည်း ရေရှိလိမ့်မယ်လို့ မျှော်လင့်နေပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ခွဲခြမး်စိတ်ဖြာနိုင်ဖို့ လေ့လာစုံစမ်းတာတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

အခုတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရေနည်းနည်းရှိခဲ့တယ်ဆိုတဲ့ အစောပိုင်း တွေ့ရှိချက်တွေကို ကျော်လွန်ပြီး သက်ရှိတွေ အချိန်ကာလတခုအထိ နေနိုင်တဲ့ ရေပမာဏ ရှိခဲ့တယ်ဆိုတာကို ပြသနေပါတယ်။

DVB

Leave a Reply

Your email address will not be published. Required fields are marked *