အဘဆရာၾကီးမင္းသိခၤေျပာျပခဲ႔တဲ့ ဂဏန္းေဗဒင္

Zawgyi ျဖင့္ဖတ္ပါ

အဘဆရာၾကီးမင္းသိခၤေျပာျပခဲ႔တဲ့ ဂဏန္းေဗဒင္

မူလ(၁)ဂဏန္းသမားအေၾကာင္း

မူလဂဏန္း (၁) ရတဲ့ လူဟာ အသားအရည္က ျဖဴဖတ္ျဖဴေရာ္ ရွိတတ္ တယ္ကြ။ ဒါေပမယ့္ ကိုယ္လံုး ကိုယ္ေပါက္က ႀကံ့ခိုင္တဲ့ လကၡဏာ ရွိတယ္ကြ။ ဆံပင္တို႔ ဘာတို႔ကေတာ့ အမ်ားအားျဖင့္ အမည္းေရာင္ ျဖစ္ေလ့ ရွိတယ္။ ၿပီးေတာ့ လူအမ်ားစုနဲ႔ မေနဘဲ တစ္ကိုယ္ေရတစ္ကာယ ေနတတ္တယ္ကြ။

ေနာက္တစ္ခုကေတာ့ (၁)ဂဏန္းသမားဟာ လူေတြကို မယံုဘူး။ အၿမဲတမ္း သံသယ ရွိေနတတ္တယ္။ ေတာ္ေတာ္မ်ားမ်ား (၁)ဂဏန္းသမားေတြက အာဏာျပတာတို႔ အမိန္႔ေပးတာတို႔ လုပ္ေလ့ရွိတယ္။ ၿပီးေတာ့ အသစ္အဆန္းကို ဖန္တီး လုပ္ေဆာင္တတ္တဲ့ ဥဥ္လဲရွိတယ္။

အဂၤလိပ္လ ဘယ္လမွာပဲ ေမြးေမြး ၁-ရက္ ၁၀-ရက္ ၁၉-ရက္ ၂၈-ရက္ေတြမွာ ေမြးရင္ ဂဏန္းေဗဒင္ သေဘာအရ ၁-ဂဏန္းသမားလို႔ ေျပာရမွာပဲ။ ၁- ဂဏန္းသမားဟာ ဘာပဲျဖစ္ျဖစ္ ရည္ရြယ္ခ်က္ေတာ့ ႀကီးတတ္တယ္ကြ။ ဘယ္လို အသက္ေမြး ၀မ္းေၾကာင္းအလုပ္ကိုပဲ လုပ္လုပ္ ၁-ဂဏန္းသမားဟာ တျဖည္းျဖည္းနဲ႔ အျမင့္ကို ေရာက္သြားတတ္တယ္။ ၿပီးေတာ့ ၁-ဂဏန္းသမားအတြက္ အေဆာင္ဟာ ေရႊပဲကြ။

ေရႊကို ေဆာင္ထားရင္ ကံေကာင္းတယ္လို႔ ေရွးက ဆရာေတြက ယံုၾကည္ၾကတယ္။
အေရာင္ဆိုရင္ေတာ့ အ၀ါေရာင္တို႔ ၊ ေရႊေရာင္ေတြဟာ ၁-ဂဏန္းသမားနဲ႔ သင့္ျမတ္တယ္။ ၿပီးေတာ့ ေက်ာက္မ်က္ ရတနာထဲက ဆိုရင္ေတာ့ ပယင္းတို႔ ဥႆဖယားတို႔ စိန္တို႔ဟာ ၁-ဂဏန္းသမား ေဆာင္သင့္တဲ့ ေက်ာက္မ်က္ရတနာပဲ။

ၿပီးေတာ့ အေရးႀကီးတဲ့ ၁-ဂဏန္းသမားအေနနဲ႔ အေရးႀကီးတဲ့အလုပ္ေတြ လုပ္ရင္ ဘယ္လမွာပဲ ျဖစ္ျဖစ္ (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက္ေတြဟာ သင့္ျမတ္တဲ့ ရက္ေတြပဲကြ။
ၿပီးေတာ့ ၁-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါေတြဟာ ႏွလံုးေသြးလႊတ္ေၾကာ ႏွင့္ ပါတ္သက္ေသာေရာဂါ ၊ ေသြးေလ မမွန္တဲ့ေရာဂါေတြ ျဖစ္တတ္တယ္ကြ။

၁-ဂဏန္းသမားအတြက္ အေကာင္းဆံုး ေဆးကေတာ့ ပ်ားရည္ပဲေဟ့။ ပ်ားရည္ကို စားပြဲ ဇြန္းႀကီးနဲ႕ ညအိပ္ယာ၀င္ တစ္ဇြန္း တစ္ဇြန္း ေသာက္သင့္တယ္ကြ….
ဒါကေတာ့ အဘမင္းသိခၤ ေျပာျပတဲ့ (၁)ဂဏန္းသမား အေၾကာင္းပါ။

မူလဂဏန္းဆိုတာ ေမြးရက္ဂဏန္းကိုေခၚတာ။
၃-ရက္ေန႔ဖြားဆိုရင္ ၃-ဂဏန္းသမားေပါ့။ ၅-ရက္ေန႔ဖြားဆိုရင္ ၅-ဂဏန္းသမားေပါ့။
ႏွလံုးဆိုရင္ေတာ့ တစ္လံုးထဲရေအာင္ ေပါင္းရမယ္။ ဥပမာ ၁၂-ရက္ေန႔ ဆိုရင္ ၁-ႏွင့္ ၂ ေပါင္းေတာ့ ၃-ရတယ္။ အဲဒီေတာ့ ၃-ဂဏန္း သမားေပါ့။
===============================

မူလ(၂)ဂဏန္းသမားအေၾကာင္း
__

ဒီလိုရွိတယ္ကြ…။ အဂၤလိပ္လရဲ့ ဘယ္လမွာပဲ ျဖစ္ျဖစ္ ၂-ရက္၊ ၁၁-ရက္၊ ၂၀-ရက္ ၊ ၂၉-ရက္ေတြမွာ ေမြးတဲ့ လူေတြကို ဂဏန္းေဗဒင္ ပညာအရ ၂- ဂဏန္းသမားလို႔ ေခၚရမွာပဲ။ ဒီလူေတြဟာ အႏုပညာဘက္မွာ ခြ်န္တတ္တယ္။ စိတ္ေနစိတ္ထား သိမ္ေမြ႕တတ္တယ္။ အေတြးအေခၚ စိတ္ကူး ေကာင္းတတ္တယ္။

ဒါေပမယ့္ သူတို႔ စိတ္ကူးကို အေကာင္အထည္ ေဖာ္ဖို႔ေတာ့ ေႏွာင့္ေႏွးတတ္တယ္။ ခရီးသြား ရတဲ့ အလုပ္ေတြမွာလည္း ေအာင္ျမင္ တတ္တယ္။ ခရီးေတာင္မွ ေရလမ္းခရီးနဲ႔ ကုန္းလမ္းခရီး မတူဘူး။ ေရလမ္းခရီးကို ပိုၿပီး ႏွစ္သက္တတ္တယ္။ သူတို႔ ႐ုပ္ရည္နဲ႔ ပတ္သက္လို႔ သိသာတာက မ်က္ႏွာ၀ိုင္းၿပီး မ်က္ခံုး မ်က္လံုး ေကာင္းတတ္တယ္။ ေျခဆံ လက္ဆံ ရွည္တတ္တယ္။

စကားေျပာတဲ့အခါမွာ ပါးစပ္တစ္ခုတည္းက ေျပာတတ္တာ မဟုတ္ဘူး။ လက္ေရာ မ်က္လံုးေရာ မ်က္ခံုးေရာပါေအာင္ ေျပာတတ္တယ္။
၂-ဂဏန္းသမားေတြအတြက္ အေရးႀကီးတဲ့ အလုပ္ေတြကို လုပ္တဲ့အခါမွာ အဂၤလိပ္လ ဘယ္လမဆို ၂-ရက္ (၇)ရက္ ၊ (၁၁)ရက္ (၂၀)ရက္ (၂၅)ရက္ (၂၉)ရက္ စတာေတြ ေပါင္းလိုက္ရင္ ၂-ဂဏန္းျဖစ္ေနတဲ့ ရက္ေတြ ၇-ဂဏန္းျဖစ္ေနတဲ့ ရက္ေတြမွာလုပ္သင့္တယ္။

ဒါေပမယ့္ ၁၆-ရက္ကို ေပါင္းလိုက္ရင္ ၇-က်ေနေပမယ့္အသံုး မျပဳသင့္ဘူး။ ေရွာင္သင့္တယ္။
ေနာက္တစ္ခုက ၂-ဂဏန္းသမားေတြဟာ အလုပ္ေတြကို အရမ္းလုပ္ၿပီး ေျခကုန္လက္ပန္း က်သြားတဲ့ ေရာဂါမ်ိဳး အဆစ္အျမစ္ ကိုက္ခဲတဲ့ ေရာဂါမ်ိဳးေတြ ျဖစ္တတ္တယ္။ ဂဏန္းေဗဒင္စာအုပ္ေတြမွာေတာ့ ဓာတ္စာေတြ အမ်ားႀကီး ညြန္းထားပါတယ္။ ဒါေပမယ့္ တစ္ကယ္လက္ေတြ႕ အသံုး၀င္တာကေတာ့ ေရွာက္သီးပဲ။ ညအိပ္ယာ ၀င္ခါနီးတိုင္း စားပြဲဇြန္းနဲ႔ တစ္ဇြန္းတစ္ဇြန္း ေသာက္သင့္တယ္။

၂-ဂဏန္းသမားအတြက္ ကံေကာင္းတဲ့ အေရာင္ကေတာ့ အျဖဴေရာင္နဲ႔ အစိမ္းေရာင္ေတြပါပဲ။
၂-ဂဏန္းသမား ၀တ္ဆင္သင့္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ ပုလဲရယ္ ၊ မြန္းစတံုးေခၚတဲ့ လေက်ာက္ရယ္ ျဖစ္တယ္။
၂-ဂဏန္းသမားေတြဟာ ဘယ္ေနရာမွာ ဘယ္လို အလုပ္မ်ိဳးေတြကို လုပ္ရလုပ္ရ သူတို႔ရဲ့ လုပ္ငန္းကို အႏုပညာဆန္ေအာင္ လုပ္ကိုင္ေလ့ရွိတယ္။ ၿပီးေတာ့ ၂-ဂဏန္းသမားဟာ ဘ၀မွာ အလုပ္ႏွစ္ခါ ေျပာင္းရတတ္တယ္။ အိမ္ေထာင္လည္း ႏွစ္ဆက္ ျဖစ္တတ္တယ္။
===============================

မူလ(၃)ဂဏန္းသမားအေၾကာင္း
__

ဘယ္လမွာပဲ ျဖစ္ျဖစ္ ၃-ရက္၊ ၁၂-ရက္ ၊ ၂၁-ရက္ ၊ ၃၀-ရက္ေတြမွာ ေမြးရင္ေတာ့ အဲဒီလူကို ၃-ဂဏန္း သမားလို႔ ေခၚရမွာပဲ။ သူတို႔က မ်က္ႏွာ သြယ္ တတ္ၾကပါတယ္။ သူတို႔ရဲ့ မ်က္ႏွာကို ၾကည့္ရင္ အစဥ္သျဖင့္ ေအးေအး ေဆးေဆး ရွိတတ္ ၾကပါတယ္။

ဘယ္လိုေနရာကို ေရာက္ေရာက္ အဆင္ေျပေအာင္ ေနထိုင္တတ္ၾကတယ္။ သဘာ၀ မက်ေအာင္ ထုပ္ထားတဲ့ စည္းကမ္း ဥပေဒေတြကို တေလးတစား လိုက္နာၾကတယ္။ အလုပ္ ၀တၱရား ကိုလည္း အလြန္ ႐ိုေသ တတ္ၾကတယ္။
သူတို႔နဲ႔ သင့္ေတာ္တဲ့ အေရာင္ ေတြကေတာ့ ခရမ္းေရာင္ ၊ မရမ္းေရာင္ ။ ပန္းႏုေရာင္ေတြ ျဖစ္တယ္။

ေက်ာက္မ်က္ ရတနာ ထဲမွာဆိုရင္ ေဂၚမုတ္ ေက်ာက္ဟာ ၃-ဂဏန္းသမားနဲ႔ သင့္ေတာ္တဲ့ ေက်ာက္ပဲ။
၃-ဂဏန္း သမားေတြ အတြက္ အေရးႀကီးတဲ့ အလုပ္ေတြ လုပ္ဖို႔ ေကာင္းတဲ့ ရက္ေတြကေတာ့ အဂၤလိပ္လရဲ့ ၃-ရက္ ၊ ၁၂-ရက္ ၊ ၂၁-ရက္ေတြဟာ ပထမတန္းစား ကံေကာင္းတဲ့ ေန႔ေတြပဲ။ ၆-ရက္ ၊ ၁၅-ရက္ ၊ ၂၄-ရက္ေတြဟာ ဒုတိယတန္းစား ကံေကာင္းတဲ့ ေန႔ေတြပါပဲ။

၉-ရက္ ။ ၁၈-ရက္ ။ ၂၇-ရက္ေတြဟာ တတိယတန္းစား ကံေကာင္းတဲ့ေန႔ေတြပါပဲ။
၃-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါေတြကေတာ့ ဦးေခါင္းပိုင္းမွာ အမ်ားဆံုး ျဖစ္တတ္တယ္။ ၿပီးေတာ့ အေၾကာေရာင္ ေရာ၈ါ ၊ အေၾကာတက္ေရာဂါ ၊ ျဖစ္တတ္တယ္။

သူတို႔အတြက္ အေကာင္းဆံုး ဓာတ္စာကေတာ့ နာနတ္သီး ျဖစ္တယ္။ ဒုတိယ သင့္ေတာ္တာ ကေတာ့ ဆီးျဖဴ သီးျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ ၃-ဂဏန္း သမားေတြဟာ နာနတ္သီး တစ္လွည့္ ဇီးျဖဴသီး တစ္လွည့္ မွန္မွန္ႀကီး စားစား ေပးသြားဖို႔ လိုပါတယ္။
===============================

မူလ(၄)ဂဏန္းသမားအေၾကာင္း
__

အဂၤလိပ္လရဲ့ ဘယ္လမဆို ၄-ရက္၊ ၁၃-ရက္၊ ၂၂-ရက္၊ ၃၁-ရက္ေန႔ေတြမွာ ေမြးရင္ ၄-ဂဏန္းသမားလို႔ ေခၚရမယ္။ သူတို႔ရဲ့ မ်က္ႏွာသြင္ျပင္ဟာ တစ္ျခားသူ နဲ႔ မတူပဲ တမူ ထူးျခားေနတယ္။ ထက္ထက္ျမက္ျမက္ ရွိတဲ့ မ်က္ႏွာမိ္်ဳး ရွိတယ္။ ၄-ဂဏန္းသမားေတြဟာ လြယ္လြယ္ကူကူ မိတ္ဖြဲ႕လို႔ မရဘူး။

တစ္နည္း တစ္ဖံု ခြတီးခြက် ျဖစ္ေလ့ရွိတယ္။ အမ်ားတကာနဲ႔လည္း အယူအဆခ်င္း မတူပဲ တစ္မ်ိဳးတစ္ဖံု ကြာဟေနတတ္တယ္။ စည္းကမ္းေတြ အမိန္႔ေတြကို မနာခံ တတ္ဘူး။ (၄)-ဂဏန္း သမားေတြဟာ မေမွ်ာ္လင့္ပဲ ရတနာပံု ဆိုက္သလို ႀကီးပြား တတ္တယ္။ မိတ္ေဆြအေပါင္းအသင္း ရွိရင္လည္း အနည္းစုပဲ ျဖစ္လိမ့္မယ္။ အဲဒီ အနည္းစုကလည္း သူ႕အေပၚ အင္မတန္ သစၥာရွိတဲ့ လူေတြ ျဖစ္တတ္တယ္။

(၄)-ဂဏန္းသမားေတြ အေရးႀကီးတဲ့ အလုပ္ကို လုပ္မယ္ဆိုရင္ ၄-ရက္ ။ ၁၃-ရက္။ ၂၂-ရက္ ၃၁-ရက္ေတြဟာ အေကာင္းဆံုးပဲ။
သူတို႔အတြက္ကံေကာင္းေစတဲ့ အေရာင္ကေတာ့ စပ္ထားတဲ့အေရာင္ ။ မီးခိုေရာင္ ၊ ညိဳမိႈင္းတဲ့အေရာင္ေတြ ျဖစ္တယ္။
၀တ္ဆင္သင့္တဲ့ ရတနာကေတာ့ နီလာေပါ့ကြာ။
ၿပီးေတာ့ (၄)-ဂဏန္းသမားေတြဟာ ေရာဂါဆန္းေတြ ျဖစ္တတ္တယ္။ မျမင္ရတဲ့ ေနရာေတြမွာ အနာျဖစ္ တတ္တယ္ကြ။

ေရာဂါ ျဖစ္လာရင္ လွ်ပ္စစ္ဓာတ္ကို အသံုးျပဳၿပီး ကုသတဲ့ ကုသနည္းဟာ အထူးေကာင္းတယ္။ ေနာက္တစ္ခုက (၄)ဂဏန္းသမားေတြဟာ ေဆးစားျခင္း ေဆးေသာက္ျခင္းထက္ အခ်ိန္ လုံလုံေလာက္ေလာက္ အနားယူလိုက္ျခင္းဟာ ေကာင္းတယ္။ ၄-ဂဏန္းသမား ေနထိုင္မေကာင္း ျဖစ္တဲ့အခါ သတ္သတ္လြတ္ စားလိုက္တာနဲ႔ ေပ်ာက္ကင္း သြားတတ္ပါတယ္။
===============================

မူလ(၅)ဂဏန္းသမားအေၾကာင္း
__

အဂၤလိပ္လ ဘယ္လမဆို (၅)ရက္ ၊(၁၄)ရက္ ၊ (၂၃)ရက္ ၊ တစ္ရက္ရက္မွာ ေမြး ရင္ ဂဏန္းေဗဒင္ ပညာအရ (၅)ဂဏန္းသမားလို႔ ေခၚရမွာပဲ။ (၅)ဂဏန္း သမားရဲ့ မ်က္ႏွာ သြင္ျပင္ကေတာ့ အစဥ္သျဖင့္ ၿပံဳးရႊင္ ေနတတ္ပါတယ္။ စိတ္ေန စိတ္ထားကိုေျပာရရင္ အလြန္ လွဳပ္ရွားလြယ္တယ္။ ဘ၀ကို ေလွ်ာက္လွမ္းတဲ့ အခါ ေလာင္းကစားဆန္ဆန္ ေလွ်က္လွမ္းတတ္ပါတယ္။

ေလာင္းကစားသမား လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ စြန္႔စားတာကို ေျပာတာ။ အဆံုးအျဖတ္ ျမန္တယ္။ ဆင္းဆင္းရဲရဲ မေနရတတ္ဘူး။ လက္ဖ်ားမွာ ေငြသီးေနတဲ့ လူေတြဟာ မ်ား ေသာအားျဖင့္ (၅)ဂဏန္းသမားေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေငြလည္း မၿမဲဘူး။
(၅)ဂဏန္း သမားေတြ ျဖစ္တတ္တဲ့ ေရာ၈ါကေတာ့ အေၾကာတက္တဲ့ ေရာဂါနဲ႔ အာ႐ံုေၾကာနဲ႔ ဆိုင္တဲ့ ေရာဂါေတြ ပဲ ျဖစ္တတ္တယ္။

ဂဏန္းေဗဒင္ စာအုပ္မွာေတာ့ ဓာတ္စာေတြ အမ်ားႀကီး ျပထားပါတယ္။ (၅)ဂဏန္းသမား အတြက္ တကယ္စြမ္းတဲ့ ဓာတ္စာကေတာ့ မုန္လာဥပဲ။ မုန္လာဥကို မ်ားမ်ား စားေပးပါ။ (၅)ဂဏန္းသမားနဲ႔ အလြန္တည့္ပါတယ္။
သင့္ျမတ္တဲ့ အေရာင္ကေတာ့ အျဖဴေရာင္နဲ႔ ထံုးေက်ာက္ေရာင္ လိုဟာမ်ိဳးေတြ ျဖစ္ပါတယ္။

သင့္ျမတ္တဲ့ ရတနာကေတာ့ စိန္နဲ႔ ပလက္တီနမ္ ျဖစ္တယ္။
(၅)ဂဏန္းသမားေတြ အတြက္ အေရးႀကီးတဲ့ ကိစၥေတြ လုပ္စရာ ရွိရင္ ဘယ္လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက္ေတြမွာ လုပ္သင့္ပါတယ္။ အက်ိဳုးေပးပါတယ္။
===============================

မူလ(၆)ဂဏန္းသမားအေၾကာင္း
__

အဂၤလိပ္လ ဘယ္လမဆို ၆-ရက္ ၁၅-ရက္ ၂၄-ရက္ တစ္ရက္ရက္မွာ ေမြးရင္(၆)ဂဏန္းသမားလို႔ ေခၚႏိုင္တယ္။ ၆- ဂဏန္း သမားရဲ့ မ်က္ႏွာသြင္ျပင္ဟာ စြဲေဆာင္ႏိုင္တဲ့ မ်က္ႏွာမ်ိဳး ျဖစ္တတ္တယ္။ ဘ၀မွာ အခ်စ္ေရးေၾကာင့္ အိမ္ေထာင္ေရးေၾကာင့္ လြမ္းေဆြးရတာေတြ ေတြ႕ရတတ္တယ္။ အလွအပ ကို ႏွစ္သက္တတ္တယ္။

ေတးဂီတ ပန္းခ်ီ ပန္းပု စတာေတြကို ႏွစ္သက္ တတ္တယ္။ ေလးစားတတ္တယ္။ အထူးသျဖင့္ အႏုပညာကို ခံစားတတ္တဲ့ သေဘာရွိတယ္။ သင့္တင့္တဲ့ အေရာင္ေတြကေတာ့ အျပာေရာင္ အမ်ိဳးမ်ိဳးဟာ အသင့္ေတာ္ဆံုးပဲ။ သင့္ျမတ္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ ျမဟာ အသင့္ျမတ္ဆံုးပါပဲ။

၆-ဂဏန္း သမားေတြ အျဖစ္အမ်ားဆံုး ေရာဂါကေတာ့ ေခါင္းမူးေရာဂါ ၊ ႏွေခါင္းေသြးလွ်ံတဲ့ ေရာဂါ ၊ အဆုတ္နဲ႕ ပါတ္သက္တဲ့ ေရာဂါေတြ ျဖစ္ပါတယ္။ ြြ၆-ဏန္းသမားအတြက္ အေကာင္းဆံုး ဓာတ္စာကေတာ့ ပဲသီးေတာင့္ပဲ။

၆-ဂဏန္း သမားအတြက္ အေရးႀကီးတဲ့ ကိစၥေတြ လုပ္စရာရွိရင္ (၆၊ ၁၅၊ ၂၄)ရက္ေတြဟာ ပထမတန္းစား ေကာင္းတယ္။ (၉၊၁၈၊၂၇)ရက္ေတြဟာ ဒုတိယတန္းစား ေကာင္းတယ္။ (၃ ၊ ၁၂ ၊ ၂၁)ရက္ေတြဟာ တတိယတန္းစား အက်ိဳးေပးတယ္။
===============================

မူလ(၇)ဂဏန္းသမားအေၾကာင္း
အဂၤလိပ္ရက္ ( 7,16,25) ရက္မွာ ေမြးထားရင္ (၇)ဂဏန္း သမားလို႔ ေျပာရမွာ ေပါ့။ (၇)ဂဏန္းသမားေတြရဲ့ ပံုပန္းကေတာ့ ခပ္ေၾကာင္ေၾကာင္ ေနထိုင္ေလ့ ရွိတယ္။ မသိရင္ စိတ္ေဖာက္ျပန္ေနတယ္လို႔ေတာင္ ထင္ရတယ္။ ကိုယ္စြမ္း ကိုယ္စကို ယံုၾကည္တယ္။ ထူးထူးဆန္းဆန္း အေၾကာင္းအရာေတြကို စိတ္၀င္ စားတတ္တယ္။

ခရီးထြက္ျခင္းမွာ ေမြ႕ေလွ်ာ္တတ္တယ္။ ဘာသာေရးမွာ အမ်ားသူငါႏွင့္ မတူပဲ သူ႕ ဘာသာသူ ေတြးေခၚထားတဲ့ ဘာသာေရးမ်ိဴးေတြ ျဖစ္ေနတတ္တယ္။ ေအာ္ကာတစ္ဇင္လို႔ ေခၚတဲ့ ေလာကီပညာကို လိုက္စား တတ္တယ္။
(၇)ဂဏန္းသမားေတြ အတြက္ အေရးႀကီးတဲ့ ကိစၥေတြ ရွိရင္ေတာ့ (၇)ရက္နဲ႔ (၂၅)ရက္ဟာ ပထမတန္း ေကာင္းတယ္။

(၂)ရက္ (၁၁)-ရက္ (၂၀)-ရက္ေတြဟာ ဒုတိယတန္းစား ေကာင္းတယ္။ အဲဒီရက္ေတြမွာ လုပ္ေပေတာ့။
သူတို႔အတြက္ ကံေကာင္းေစတဲ့ အေရာင္ေတြကေတာ့ အစိမ္းေရာင္ အျဖဴေရာင္နဲ႔ ညိဴမိႈင္းတဲ့ အေရာင္ေတြပဲ ျဖစ္တယ္။
သူတို႔အတြက္ ကံေကာင္းေစတဲ့ ရတနာကေတာ့ ပုလဲကို ေဆာင္ထားသင့္ပါတယ္။

(၇)ဂဏန္း သမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ အလုပ္ဒဏ္ ပိတဲ့ ေရာဂါ ၊ ခါးေအာက္ပိုင္း အေႀကာေတြ ဆြဲတဲ့ေရာဂါ ၊ ေသြးစုနာလို အနာကေလးေတြ ျဖစ္တတ္တယ္။ ဒါေၾကာင့္ သူတို႔အတြက္ သင့္ျမတ္တဲ့ ဓာတ္စာ ကေတာ့ အရည္ရြမ္းတဲ့ အသီးအရြက္ေတြ ျဖစ္တယ္။ အထူးသျဖင့္ သေဘၤာသီးဟာ အသင့္ျမတ္ဆံုးပါပဲ။
===============================

မူလ(၈)ဂဏန္းသမားအေၾကာင္း
__

ဘယ္လမွာပဲ ျဖစ္ျဖစ္ အဂၤလိပ္လရဲ့ (8 ,17 26) ရက္ေတြမွာ ေမြးတဲ့ သူေတြကို (၈)ဂဏန္းသမားလို႔ ေခၚတယ္ကြ။ ၂၆-ဆိုတာလည္း ၂-နဲ ၆-ေပါင္းလိုက္ရင္ ၈- မဟုတ္လားကြာ။ (8) ဂဏန္းသမားေတြဟာ စကားေျပာ ပြင့္လင္းတယ္ကြာ။ အလုပ္ လုပ္စရာရွိရင္လည္း အလုပ္ကို ဖိလုပ္တယ္။ နားစရာ ရွိရင္လည္း က်က် နန နားတယ္ကြာ။ ေျပာစရာရွိရင္လည္း ဘယ္သူ႕ကိုမွ အားမနာတတ္ဘူး။

ပြင့္ပြင့္လင္းလင္း ေျပာေတာ့တာပဲ။ သူ႕အတိုင္းကေတာ့ ညစ္ေလ့ မရွိဘူးကြ။ သူတစ္ပါးက ညစ္ၿပီဆိုရင္လည္း ၈-ဂဏန္းသမားဟာ ျပန္ၿပီး ညစ္တတ္တယ္။ ၈-ဂဏန္းသမား ညစ္ရင္ ဘယ္လို လူမ်ိဳးမွ လိုက္လို႔ မမွီဘူးေလ။ အဲဒီမွာ တစ္ခု ထူးျခားတာကေတာ့ ၈-ဂဏန္းသမားဟာ ကံဇာတာ ညံ့ရင္လည္း အလြန္ ညံ့တတ္တယ္ကြ။

ေကာင္းရင္လည္း အလြန္ ေကာင္းတတ္ တယ္။ လူကလည္း တစ္ဖက္စြန္းပဲကြ။ ပတ္၀န္းက်င္ကို ဂ႐ု မစိုက္တတ္ဘဲ အလုပ္တစ္ခုကို စမိၿပီဆိုရင္ ၿပီးေအာင္ ဇြဲနဲ႔ လုပ္တာ ၈-ဂဏန္း သမားေတြပဲ။ တစ္ခါတစ္ရံ အေၾကာင္းမဲ့ ေလာကႀကီးကို မေက်မနပ္ ျဖစ္ေန တာ ၈-ဂဏန္း သမားေတြပဲ။

၈-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ အသည္းေရာဂါ ၊ ေသြးနဲ႔ ပါတ္သက္တဲ့ ေရာဂါေတြပဲ။ သူရဲ့ ဓာတ္စာေတြကေတာ့ အသီးအရြက္ေတြ မုန္လာဥေတြ ငွက္ေပ်ာသီးေတြဟာ သူရဲ့ ဓာတ္စာေတြပဲကြ။
ေဆာင္ရမယ့္ ေက်ာက္ကေတာ့ ပုလဲနက္ စိန္နက္ မဟူရာ စတဲ့ အနက္ေရာင္ေက်ာက္ေတြပဲ။

ကံေကာင္းေစတဲ့ အေရာင္အေရာင္ကလည္း ခရမ္းရင့္ေရာင္ အျပာရင့္ေရာင္ အထူးသျဖင့္ အနက္ေရာင္ ေပါ့ကြာ။
ကံေကာင္းေစတဲ့ ေန႔ကေတာ့ စေနေန႔ပဲေဟ့။ ေလာကီပညာ လိုက္စားရင္ ၈-ဂဏန္းသမားေတြဟာ ထြန္းေပါက္ တတ္တယ္။

မွတ္ခ်က္-ကမၻာေက်ာ္ လကၡဏာဆရာႀကီး ကိိုင္႐ိုကမူ ၁၇-ကို ၈-ဂဏန္းဟု မယူဆပဲ ၈-ထက္ ၆ရဲ့ အာနိသင္က ပိုတယ္ဟု ယူဆပါေၾကာင္း

===============================

မူလ(၉)ဂဏန္းသမားအေၾကာင္း
__
အဂၤလိပ္လရဲ့ (9 , 18 , 27) ရက္ေတြမွာ ေမြးတဲ့ လူေတြကို ၉-ဂဏန္းသမားလို႔ ေခၚတယ္။ ၉-ဂဏန္း သမားေတြဟာ သူမ်ားေပးတဲ့ ေငြတစ္ဆယ္ကို မမက္ဘူး ကြ။ ကိုယ္တိုင္ရွာတဲ့ ေငြတစ္ဆယ္ကို ျမတ္ႏိုးတယ္။ ဘယ္ကိစၥကို မဆို ကြယ္ရာ မွာ တစ္မ်ိဳး ေရွ႕တင္မွာ တစ္မ်ိဳး မလုပ္တတ္ဘူးကြ။

အဲဒါေၾကာင့္ ၉-ဂဏန္း သ မားေတြဟာ ရန္သူမ်ားတတ္တယ္။ တြဲလို႔ ရရင္တြဲ။ တြဲလို႔ မရရင္ ကြဲ။ ျပတ္ျပတ္ သားသားရွိတာ ၉-ဂဏန္းသမားေတြကြ။ ၉-ဂဏန္း သမားေတြဟာ မၾကာခဏ ေလာကႀကီးကို စိတ္ကုန္တတ္တယ္။ အဲဒီလို စိတ္ကုန္ေပမယ့္ ၉-ဂဏန္း သမားေတြဟာ မယ္သီလရွင္ ၊ ဘုန္းႀကီး ၀တ္တာ နည္းတယ္ကြ။ ၉-ဂဏန္း သမားေတြဟာ အတိုက္အခိုက္ ဘယ္ေလာက္မ်ားမ်ား ေနာက္ဆံုးမွာ ေအာင္ျမင္ သြားတယ္။ ၉-ဂဏန္း သမားေတြဟာ သူတို႕က မသိလို႔ကြ။

ႀကီးပြားခ်မ္းသာေစတဲ့ ဓာတ္တစ္မ်ိဳး ေမြးရာပါ ပါတယ္ကြ။
၉-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ ေၾကာက္စရာႀကီးကြ။ မျဖစ္ရင္လည္း ေနေရာ ျဖစ္ရင္လည္း ကူးစက္တတ္တဲ့ ေရာဂါ ျဖစ္တတ္တယ္ကြ။ ဘာမွ မျဖစ္ရင္ေတာင္ အပူေလာင္တာမၾကာခန ျဖစ္တတ္တယ္။
ဘယ္ေရာဂါပဲ ျဖစ္ျဖစ္ ၾကက္သြန္ျဖဴ ၾကက္သြန္နီတို႔ဟာ သဘာ၀ဓာတ္စာပဲေဟ့။

သူတို႔အတြက္ သဘာ၀အေဆာင္ကေတာ့ သံမဏိပဲကြ။ သံမဏိ လက္စြတ္တို႔ သံမဏိလက္ေကာက္တို႔ ၀တ္ရင္ အေကာင္းဆံုုးပဲ။ အဲဒါေတြ မ၀တ္ခ်င္ရင္ေတာ့ အေဆာင္က ေက်ာက္နီပဲကြ။
သူတို႔အတြက္ အေကာင္းဆံုး ကံေကာင္းေစတဲ့ ေန႔ဟာ အဂၤါေန႔ကြ။
ကံေကာင္းေစတဲ့ အေရာင္ကေတာ့ ၾကက္ေသြးေရာင္ ၊ အနီေရာင္ ရဲရဲေတြေပါ့ကြာ။

မူလဂဏန္းဆိုတာ ေမြးရက္ဂဏန္းကိုေခၚတာ။
၃-ရက္ေန႔ဖြားဆိုရင္ ၃-ဂဏန္းသမားေပါ့။ ၅-ရက္ေန႔ဖြားဆိုရင္ ၅-ဂဏန္းသမားေပါ့။
ႏွလံုးဆိုရင္ေတာ့ တစ္လံုးထဲရေအာင္ ေပါင္းရမယ္။ ဥပမာ ၁၂-ရက္ေန႔ ဆိုရင္ ၁-ႏွင့္ ၂ ေပါင္းေတာ့ ၃-ရတယ္။ အဲဒီေတာ့ ၃-ဂဏန္း သမားေပါ့။ အခု ကြ်န္ေတာ္ေျပာျပခဲ့တာကမူလ(၉)ဂဏန္းသမား အေၾကာင္းပါ။

Credit:-(original writer

Unicode ဖြင့်ဖတ်ပါ

အဘဆရာကြီးမင်းသိင်္ခပြောပြခဲ့တဲ့ ဂဏန်းဗေဒင်

မူလ(၁)ဂဏန်းသမားအကြောင်း
__

မူလဂဏန်း (၁) ရတဲ့ လူဟာ အသားအရည်က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက်က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင်တို့ ဘာတို့ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေတစ်ကာယ နေတတ်တယ်ကွ။

နောက်တစ်ခုကတော့ (၁)ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁)ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဥဉ်လဲရှိတယ်။

အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘောအရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁- ဂဏန်းသမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေး ဝမ်းကြောင်းအလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်းသမားဟာ တဖြည်းဖြည်းနဲ့ အမြင့်ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမားအတွက် အဆောင်ဟာ ရွှေပဲကွ။

ရွှေကို ဆောင်ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။
အရောင်ဆိုရင်တော့ အဝါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်းသမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက်မျက် ရတနာထဲက ဆိုရင်တော့ ပယင်းတို့ ဥဿဖယားတို့ စိန်တို့ဟာ ၁-ဂဏန်းသမား ဆောင်သင့်တဲ့ ကျောက်မျက်ရတနာပဲ။

ပြီးတော့ အရေးကြီးတဲ့ ၁-ဂဏန်းသမားအနေနဲ့ အရေးကြီးတဲ့အလုပ်တွေ လုပ်ရင် ဘယ်လမှာပဲ ဖြစ်ဖြစ် (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက်တွေဟာ သင့်မြတ်တဲ့ ရက်တွေပဲကွ။
ပြီးတော့ ၁-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေဟာ နှလုံးသွေးလွှတ်ကြော နှင့် ပါတ်သက်သောရောဂါ ၊ သွေးလေ မမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်ကွ။

၁-ဂဏန်းသမားအတွက် အကောင်းဆုံး ဆေးကတော့ ပျားရည်ပဲဟေ့။ ပျားရည်ကို စားပွဲ ဇွန်းကြီးနဲ့ ညအိပ်ယာဝင် တစ်ဇွန်း တစ်ဇွန်း သောက်သင့်တယ်ကွ….
ဒါကတော့ အဘမင်းသိင်္ခ ပြောပြတဲ့ (၁)ဂဏန်းသမား အကြောင်းပါ။

မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။
၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။
===============================

မူလ(၂)ဂဏန်းသမားအကြောင်း
__

ဒီလိုရှိတယ်ကွ…။ အင်္ဂလိပ်လရဲ့ ဘယ်လမှာပဲ ဖြစ်ဖြစ် ၂-ရက်၊ ၁၁-ရက်၊ ၂၀-ရက် ၊ ၂၉-ရက်တွေမှာ မွေးတဲ့ လူတွေကို ဂဏန်းဗေဒင် ပညာအရ ၂- ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ ဒီလူတွေဟာ အနုပညာဘက်မှာ ချွန်တတ်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တတ်တယ်။ အတွေးအခေါ် စိတ်ကူး ကောင်းတတ်တယ်။

ဒါပေမယ့် သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့တော့ နှောင့်နှေးတတ်တယ်။ ခရီးသွား ရတဲ့ အလုပ်တွေမှာလည်း အောင်မြင် တတ်တယ်။ ခရီးတောင်မှ ရေလမ်းခရီးနဲ့ ကုန်းလမ်းခရီး မတူဘူး။ ရေလမ်းခရီးကို ပိုပြီး နှစ်သက်တတ်တယ်။ သူတို့ ရုပ်ရည်နဲ့ ပတ်သက်လို့ သိသာတာက မျက်နှာဝိုင်းပြီး မျက်ခုံး မျက်လုံး ကောင်းတတ်တယ်။ ခြေဆံ လက်ဆံ ရှည်တတ်တယ်။

စကားပြောတဲ့အခါမှာ ပါးစပ်တစ်ခုတည်းက ပြောတတ်တာ မဟုတ်ဘူး။ လက်ရော မျက်လုံးရော မျက်ခုံးရောပါအောင် ပြောတတ်တယ်။
၂-ဂဏန်းသမားတွေအတွက် အရေးကြီးတဲ့ အလုပ်တွေကို လုပ်တဲ့အခါမှာ အင်္ဂလိပ်လ ဘယ်လမဆို ၂-ရက် (၇)ရက် ၊ (၁၁)ရက် (၂၀)ရက် (၂၅)ရက် (၂၉)ရက် စတာတွေ ပေါင်းလိုက်ရင် ၂-ဂဏန်းဖြစ်နေတဲ့ ရက်တွေ ၇-ဂဏန်းဖြစ်နေတဲ့ ရက်တွေမှာလုပ်သင့်တယ်။

ဒါပေမယ့် ၁၆-ရက်ကို ပေါင်းလိုက်ရင် ၇-ကျနေပေမယ့်အသုံး မပြုသင့်ဘူး။ ရှောင်သင့်တယ်။
နောက်တစ်ခုက ၂-ဂဏန်းသမားတွေဟာ အလုပ်တွေကို အရမ်းလုပ်ပြီး ခြေကုန်လက်ပန်း ကျသွားတဲ့ ရောဂါမျိုး အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါမျိုးတွေ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင်စာအုပ်တွေမှာတော့ ဓာတ်စာတွေ အများကြီး ညွန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ အသုံးဝင်တာကတော့ ရှောက်သီးပဲ။ ညအိပ်ယာ ဝင်ခါနီးတိုင်း စားပွဲဇွန်းနဲ့ တစ်ဇွန်းတစ်ဇွန်း သောက်သင့်တယ်။

၂-ဂဏန်းသမားအတွက် ကံကောင်းတဲ့ အရောင်ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်တွေပါပဲ။
၂-ဂဏန်းသမား ဝတ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလဲရယ် ၊ မွန်းစတုံးခေါ်တဲ့ လကျောက်ရယ် ဖြစ်တယ်။
၂-ဂဏန်းသမားတွေဟာ ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေကို လုပ်ရလုပ်ရ သူတို့ရဲ့ လုပ်ငန်းကို အနုပညာဆန်အောင် လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့ ၂-ဂဏန်းသမားဟာ ဘဝမှာ အလုပ်နှစ်ခါ ပြောင်းရတတ်တယ်။ အိမ်ထောင်လည်း နှစ်ဆက် ဖြစ်တတ်တယ်။
===============================

မူလ(၃)ဂဏန်းသမားအကြောင်း
__

ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့ အဲဒီလူကို ၃-ဂဏန်း သမားလို့ ခေါ်ရမှာပဲ။ သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာကို ကြည့်ရင် အစဉ်သဖြင့် အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။

ဘယ်လိုနေရာကို ရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်ကြတယ်။ သဘာ၀ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တလေးတစား လိုက်နာကြတယ်။ အလုပ် ဝတ္တရား ကိုလည်း အလွန် ရိုသေ တတ်ကြတယ်။
သူတို့နဲ့ သင့်တော်တဲ့ အရောင် တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင်တွေ ဖြစ်တယ်။

ကျောက်မျက် ရတနာ ထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမားနဲ့ သင့်တော်တဲ့ ကျောက်ပဲ။
၃-ဂဏန်း သမားတွေ အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့ အင်္ဂလိပ်လရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။ ၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။

၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယတန်းစား ကံကောင်းတဲ့နေ့တွေပါပဲ။
၃-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဦးခေါင်းပိုင်းမှာ အများဆုံး ဖြစ်တတ်တယ်။ ပြီးတော့ အကြောရောင် ရော၈ါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။

သူတို့အတွက် အကောင်းဆုံး ဓာတ်စာကတော့ နာနတ်သီး ဖြစ်တယ်။ ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။
===============================

မူလ(၄)ဂဏန်းသမားအကြောင်း
__

အင်္ဂလိပ်လရဲ့ ဘယ်လမဆို ၄-ရက်၊ ၁၃-ရက်၊ ၂၂-ရက်၊ ၃၁-ရက်နေ့တွေမှာ မွေးရင် ၄-ဂဏန်းသမားလို့ ခေါ်ရမယ်။ သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမိျုး ရှိတယ်။ ၄-ဂဏန်းသမားတွေဟာ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။

တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။

(၄)-ဂဏန်းသမားတွေ အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် ၄-ရက် ။ ၁၃-ရက်။ ၂၂-ရက် ၃၁-ရက်တွေဟာ အကောင်းဆုံးပဲ။
သူတို့အတွက်ကံကောင်းစေတဲ့ အရောင်ကတော့ စပ်ထားတဲ့အရောင် ။ မီးခိုရောင် ၊ ညိုမှိုင်းတဲ့အရောင်တွေ ဖြစ်တယ်။
ဝတ်ဆင်သင့်တဲ့ ရတနာကတော့ နီလာပေါ့ကွာ။
ပြီးတော့ (၄)-ဂဏန်းသမားတွေဟာ ရောဂါဆန်းတွေ ဖြစ်တတ်တယ်။ မမြင်ရတဲ့ နေရာတွေမှာ အနာဖြစ် တတ်တယ်ကွ။

ရောဂါ ဖြစ်လာရင် လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ကုသတဲ့ ကုသနည်းဟာ အထူးကောင်းတယ်။ နောက်တစ်ခုက (၄)ဂဏန်းသမားတွေဟာ ဆေးစားခြင်း ဆေးသောက်ခြင်းထက် အချိန် လုံလုံလောက်လောက် အနားယူလိုက်ခြင်းဟာ ကောင်းတယ်။ ၄-ဂဏန်းသမား နေထိုင်မကောင်း ဖြစ်တဲ့အခါ သတ်သတ်လွတ် စားလိုက်တာနဲ့ ပျောက်ကင်း သွားတတ်ပါတယ်။
===============================

မူလ(၅)ဂဏန်းသမားအကြောင်း
__

အင်္ဂလိပ်လ ဘယ်လမဆို (၅)ရက် ၊(၁၄)ရက် ၊ (၂၃)ရက် ၊ တစ်ရက်ရက်မှာ မွေး ရင် ဂဏန်းဗေဒင် ပညာအရ (၅)ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ (၅)ဂဏန်း သမားရဲ့ မျက်နှာ သွင်ပြင်ကတော့ အစဉ်သဖြင့် ပြုံးရွှင် နေတတ်ပါတယ်။ စိတ်နေ စိတ်ထားကိုပြောရရင် အလွန် လှုပ်ရှားလွယ်တယ်။ ဘဝကို လျှောက်လှမ်းတဲ့ အခါ လောင်းကစားဆန်ဆန် လျှေက်လှမ်းတတ်ပါတယ်။

လောင်းကစားသမား လို့ ပြောတာ မဟုတ်ဘူးနော်။ စွန့်စားတာကို ပြောတာ။ အဆုံးအဖြတ် မြန်တယ်။ ဆင်းဆင်းရဲရဲ မနေရတတ်ဘူး။ လက်ဖျားမှာ ငွေသီးနေတဲ့ လူတွေဟာ များ သောအားဖြင့် (၅)ဂဏန်းသမားတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငွေလည်း မမြဲဘူး။
(၅)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရော၈ါကတော့ အကြောတက်တဲ့ ရောဂါနဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ပဲ ဖြစ်တတ်တယ်။

ဂဏန်းဗေဒင် စာအုပ်မှာတော့ ဓာတ်စာတွေ အများကြီး ပြထားပါတယ်။ (၅)ဂဏန်းသမား အတွက် တကယ်စွမ်းတဲ့ ဓာတ်စာကတော့ မုန်လာဥပဲ။ မုန်လာဥကို များများ စားပေးပါ။ (၅)ဂဏန်းသမားနဲ့ အလွန်တည့်ပါတယ်။
သင့်မြတ်တဲ့ အရောင်ကတော့ အဖြူရောင်နဲ့ ထုံးကျောက်ရောင် လိုဟာမျိုးတွေ ဖြစ်ပါတယ်။

သင့်မြတ်တဲ့ ရတနာကတော့ စိန်နဲ့ ပလက်တီနမ် ဖြစ်တယ်။
(၅)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိရင် ဘယ်လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက်တွေမှာ လုပ်သင့်ပါတယ်။ အကျိုုးပေးပါတယ်။
===============================

မူလ(၆)ဂဏန်းသမားအကြောင်း
__

အင်္ဂလိပ်လ ဘယ်လမဆို ၆-ရက် ၁၅-ရက် ၂၄-ရက် တစ်ရက်ရက်မှာ မွေးရင်(၆)ဂဏန်းသမားလို့ ခေါ်နိုင်တယ်။ ၆- ဂဏန်း သမားရဲ့ မျက်နှာသွင်ပြင်ဟာ စွဲဆောင်နိုင်တဲ့ မျက်နှာမျိုး ဖြစ်တတ်တယ်။ ဘဝမှာ အချစ်ရေးကြောင့် အိမ်ထောင်ရေးကြောင့် လွမ်းဆွေးရတာတွေ တွေ့ရတတ်တယ်။ အလှအပ ကို နှစ်သက်တတ်တယ်။

တေးဂီတ ပန်းချီ ပန်းပု စတာတွေကို နှစ်သက် တတ်တယ်။ လေးစားတတ်တယ်။ အထူးသဖြင့် အနုပညာကို ခံစားတတ်တဲ့ သဘောရှိတယ်။ သင့်တင့်တဲ့ အရောင်တွေကတော့ အပြာရောင် အမျိုးမျိုးဟာ အသင့်တော်ဆုံးပဲ။ သင့်မြတ်တဲ့ ကျောက်မျက်ရတနာကတော့ မြဟာ အသင့်မြတ်ဆုံးပါပဲ။

၆-ဂဏန်း သမားတွေ အဖြစ်အများဆုံး ရောဂါကတော့ ခေါင်းမူးရောဂါ ၊ နှခေါင်းသွေးလျှံတဲ့ ရောဂါ ၊ အဆုတ်နဲ့ ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ွ၆-ဏန်းသမားအတွက် အကောင်းဆုံး ဓာတ်စာကတော့ ပဲသီးတောင့်ပဲ။

၆-ဂဏန်း သမားအတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိရင် (၆၊ ၁၅၊ ၂၄)ရက်တွေဟာ ပထမတန်းစား ကောင်းတယ်။ (၉၊၁၈၊၂၇)ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ (၃ ၊ ၁၂ ၊ ၂၁)ရက်တွေဟာ တတိယတန်းစား အကျိုးပေးတယ်။
===============================

မူလ(၇)ဂဏန်းသမားအကြောင်း
အင်္ဂလိပ်ရက် ( 7,16,25) ရက်မှာ မွေးထားရင် (၇)ဂဏန်း သမားလို့ ပြောရမှာ ပေါ့။ (၇)ဂဏန်းသမားတွေရဲ့ ပုံပန်းကတော့ ခပ်ကြောင်ကြောင် နေထိုင်လေ့ ရှိတယ်။ မသိရင် စိတ်ဖောက်ပြန်နေတယ်လို့တောင် ထင်ရတယ်။ ကိုယ်စွမ်း ကိုယ်စကို ယုံကြည်တယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို စိတ်ဝင် စားတတ်တယ်။

ခရီးထွက်ခြင်းမှာ မွေ့လျှော်တတ်တယ်။ ဘာသာရေးမှာ အများသူငါနှင့် မတူပဲ သူ့ ဘာသာသူ တွေးခေါ်ထားတဲ့ ဘာသာရေးမျိူးတွေ ဖြစ်နေတတ်တယ်။ အော်ကာတစ်ဇင်လို့ ခေါ်တဲ့ လောကီပညာကို လိုက်စား တတ်တယ်။
(၇)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ (၇)ရက်နဲ့ (၂၅)ရက်ဟာ ပထမတန်း ကောင်းတယ်။

(၂)ရက် (၁၁)-ရက် (၂၀)-ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ အဲဒီရက်တွေမှာ လုပ်ပေတော့။
သူတို့အတွက် ကံကောင်းစေတဲ့ အရောင်တွေကတော့ အစိမ်းရောင် အဖြူရောင်နဲ့ ညိူမှိုင်းတဲ့ အရောင်တွေပဲ ဖြစ်တယ်။
သူတို့အတွက် ကံကောင်းစေတဲ့ ရတနာကတော့ ပုလဲကို ဆောင်ထားသင့်ပါတယ်။

(၇)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အလုပ်ဒဏ် ပိတဲ့ ရောဂါ ၊ ခါးအောက်ပိုင်း အကြောတွေ ဆွဲတဲ့ရောဂါ ၊ သွေးစုနာလို အနာကလေးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သူတို့အတွက် သင့်မြတ်တဲ့ ဓာတ်စာ ကတော့ အရည်ရွမ်းတဲ့ အသီးအရွက်တွေ ဖြစ်တယ်။ အထူးသဖြင့် သင်္ဘောသီးဟာ အသင့်မြတ်ဆုံးပါပဲ။
===============================

မူလ(၈)ဂဏန်းသမားအကြောင်း
__

ဘယ်လမှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လရဲ့ (8 ,17 26) ရက်တွေမှာ မွေးတဲ့ သူတွေကို (၈)ဂဏန်းသမားလို့ ခေါ်တယ်ကွ။ ၂၆-ဆိုတာလည်း ၂-နဲ ၆-ပေါင်းလိုက်ရင် ၈- မဟုတ်လားကွာ။ (8) ဂဏန်းသမားတွေဟာ စကားပြော ပွင့်လင်းတယ်ကွာ။ အလုပ် လုပ်စရာရှိရင်လည်း အလုပ်ကို ဖိလုပ်တယ်။ နားစရာ ရှိရင်လည်း ကျကျ နန နားတယ်ကွာ။ ပြောစရာရှိရင်လည်း ဘယ်သူ့ကိုမှ အားမနာတတ်ဘူး။

ပွင့်ပွင့်လင်းလင်း ပြောတော့တာပဲ။ သူ့အတိုင်းကတော့ ညစ်လေ့ မရှိဘူးကွ။ သူတစ်ပါးက ညစ်ပြီဆိုရင်လည်း ၈-ဂဏန်းသမားဟာ ပြန်ပြီး ညစ်တတ်တယ်။ ၈-ဂဏန်းသမား ညစ်ရင် ဘယ်လို လူမျိုးမှ လိုက်လို့ မမှီဘူးလေ။ အဲဒီမှာ တစ်ခု ထူးခြားတာကတော့ ၈-ဂဏန်းသမားဟာ ကံဇာတာ ညံ့ရင်လည်း အလွန် ညံ့တတ်တယ်ကွ။

ကောင်းရင်လည်း အလွန် ကောင်းတတ် တယ်။ လူကလည်း တစ်ဖက်စွန်းပဲကွ။ ပတ်ဝန်းကျင်ကို ဂရု မစိုက်တတ်ဘဲ အလုပ်တစ်ခုကို စမိပြီဆိုရင် ပြီးအောင် ဇွဲနဲ့ လုပ်တာ ၈-ဂဏန်း သမားတွေပဲ။ တစ်ခါတစ်ရံ အကြောင်းမဲ့ လောကကြီးကို မကျေမနပ် ဖြစ်နေ တာ ၈-ဂဏန်း သမားတွေပဲ။

၈-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အသည်းရောဂါ ၊ သွေးနဲ့ ပါတ်သက်တဲ့ ရောဂါတွေပဲ။ သူရဲ့ ဓာတ်စာတွေကတော့ အသီးအရွက်တွေ မုန်လာဥတွေ ငှက်ပျောသီးတွေဟာ သူရဲ့ ဓာတ်စာတွေပဲကွ။
ဆောင်ရမယ့် ကျောက်ကတော့ ပုလဲနက် စိန်နက် မဟူရာ စတဲ့ အနက်ရောင်ကျောက်တွေပဲ။

ကံကောင်းစေတဲ့ အရောင်အရောင်ကလည်း ခရမ်းရင့်ရောင် အပြာရင့်ရောင် အထူးသဖြင့် အနက်ရောင် ပေါ့ကွာ။
ကံကောင်းစေတဲ့ နေ့ကတော့ စနေနေ့ပဲဟေ့။ လောကီပညာ လိုက်စားရင် ၈-ဂဏန်းသမားတွေဟာ ထွန်းပေါက် တတ်တယ်။

မှတ်ချက်-ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုကမူ ၁၇-ကို ၈-ဂဏန်းဟု မယူဆပဲ ၈-ထက် ၆ရဲ့ အာနိသင်က ပိုတယ်ဟု ယူဆပါကြောင်း။
===============================

မူလ(၉)ဂဏန်းသမားအကြောင်း
__
အင်္ဂလိပ်လရဲ့ (9 , 18 , 27) ရက်တွေမှာ မွေးတဲ့ လူတွေကို ၉-ဂဏန်းသမားလို့ ခေါ်တယ်။ ၉-ဂဏန်း သမားတွေဟာ သူများပေးတဲ့ ငွေတစ်ဆယ်ကို မမက်ဘူး ကွ။ ကိုယ်တိုင်ရှာတဲ့ ငွေတစ်ဆယ်ကို မြတ်နိုးတယ်။ ဘယ်ကိစ္စကို မဆို ကွယ်ရာ မှာ တစ်မျိုး ရှေ့တင်မှာ တစ်မျိုး မလုပ်တတ်ဘူးကွ။

အဲဒါကြောင့် ၉-ဂဏန်း သ မားတွေဟာ ရန်သူများတတ်တယ်။ တွဲလို့ ရရင်တွဲ။ တွဲလို့ မရရင် ကွဲ။ ပြတ်ပြတ် သားသားရှိတာ ၉-ဂဏန်းသမားတွေကွ။ ၉-ဂဏန်း သမားတွေဟာ မကြာခဏ လောကကြီးကို စိတ်ကုန်တတ်တယ်။ အဲဒီလို စိတ်ကုန်ပေမယ့် ၉-ဂဏန်း သမားတွေဟာ မယ်သီလရှင် ၊ ဘုန်းကြီး ဝတ်တာ နည်းတယ်ကွ။ ၉-ဂဏန်း သမားတွေဟာ အတိုက်အခိုက် ဘယ်လောက်များများ နောက်ဆုံးမှာ အောင်မြင် သွားတယ်။ ၉-ဂဏန်း သမားတွေဟာ သူတို့က မသိလို့ကွ။

ကြီးပွားချမ်းသာစေတဲ့ ဓာတ်တစ်မျိုး မွေးရာပါ ပါတယ်ကွ။
၉-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ ကြောက်စရာကြီးကွ။ မဖြစ်ရင်လည်း နေရော ဖြစ်ရင်လည်း ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တတ်တယ်ကွ။ ဘာမှ မဖြစ်ရင်တောင် အပူလောင်တာမကြာခန ဖြစ်တတ်တယ်။
ဘယ်ရောဂါပဲ ဖြစ်ဖြစ် ကြက်သွန်ဖြူ ကြက်သွန်နီတို့ဟာ သဘာဝဓာတ်စာပဲဟေ့။

သူတို့အတွက် သဘာဝအဆောင်ကတော့ သံမဏိပဲကွ။ သံမဏိ လက်စွတ်တို့ သံမဏိလက်ကောက်တို့ ဝတ်ရင် အကောင်းဆုံုးပဲ။ အဲဒါတွေ မဝတ်ချင်ရင်တော့ အဆောင်က ကျောက်နီပဲကွ။
သူတို့အတွက် အကောင်းဆုံး ကံကောင်းစေတဲ့ နေ့ဟာ အင်္ဂါနေ့ကွ။
ကံကောင်းစေတဲ့ အရောင်ကတော့ ကြက်သွေးရောင် ၊ အနီရောင် ရဲရဲတွေပေါ့ကွာ။

မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။
၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။ အခု ကျွန်တော်ပြောပြခဲ့တာကမူလ(၉)ဂဏန်းသမား အကြောင်းပါ။

Credit:-(original writer

http://www.kathitpan.com

Leave a Reply

Your email address will not be published. Required fields are marked *