လက်ဝှေ့ဝါသနာပါတဲ့ အဒေါ်ကြီးတစ်ယောက်ကို လက်သီးထိုးနည်း သင်ပေးခဲ့တဲ့ ​အောင်​လအန်​ဆန်​ရဲ့ဗီဒီယို

မြန်မာ့ဂုဏ်ဆောင် အားကစားသမားကြီးတစ်ဦးဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး မြန်မာ့သြဘာနဲ့အတူ ကျောက်ဆည်ဘက်က ကုလဆိုတဲ့ရွာလေးသို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ အဆိုပါကုလရွာက ဒေသခံတွေကို သရုပ်ပြဖျော်ဖြေမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး လက်ဝှေ့ဝါသနာပါတဲ့ ဒေသခံအဒေါ်ကြီးတစ်ဦးကို လက်သီးဘယ်လိုထိုးရလဲဆိုတာ သင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဒေသခံအဒေါ်ကြီးကို အားရပါးရလက်သီးထိုးနည်း သင်ပေးနေတဲ့ အောင်လအန်ဆန်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အားရပါးရ လက်သီးထိုးလေ့ကျင့်နေတဲ့ အဒေါ်ကြီးကလည်း ချစ်စရာကြီးပါနော်။

အောင်လအန်ဆန်ကတော့ “ဒီနေ့ကျောက်ဆည်ဖက်ကကုလဆိုတဲ့ရွာရောက်တော့အဲ့ဒီကဒေသခံတွေကို သရုပ်ပြဖျော်ဖြေရင်း အဲ့ဒီကဒေသခံအဒေါ်ကြီးတစ်ယောက်က စိတ်ဝင်စားလို့လက်သီး ဘယ်လိုထိုးရလဲ သင်ပေးခဲ့တယ်။ ရိုးသားပြီး ပျော်တတ်တဲ့ အဲ့ဒီအန်တီကြီးရဲ့ video ကို မိတ်ဆွေတွေအတွက် ဝေမျှလိုက်ပါတယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပါ။

ထပ်ပြီးတော့လည်း အောင်လကတော့ “မြန်မာနိုင်ငံအရွေ့အတွက် သူတို့ရဲ့စိုက်ပျိုးသီးနှံတွေနဲ့ပံ့ပိုးပေးနေတဲ့တောင်သူတွေနဲ့တွေ့ဖို့ သြဘာနဲ့အတူ ကျောက်ဆည်နဲ့ ဖက်က ကုလရွာမှာကျွန်တော်ရောက်နေပါတယ်။စပါးကွင်းတွေက ကျွန်တော့်အတွက်ပျော်စရာကောင်းတယ်။” ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

အောင်လအန်ဆန်နဲ့ ပျော်ပျော်နေတတ်တဲ့ အဒေါ်ကြီးတို့ရဲ့ ချစ်စရာဗီဒီယိုလေး


မိုမိုလေးချစ်ပရိသတ်တွေရော ဒီဗီဒီယိုလေးကိုကြည့်ပြီး အောင်လနဲ့အတူ လက်ဝှေ့ထိုး မသင်ချင်ကြဘူးလား?

Credit-popolay

Leave a Reply

Your email address will not be published. Required fields are marked *