ထမင္းကို လက္နဲ႕စားသင့္သလား၊ ဇြန္းခရင္းနဲ႕ စားသင့္သလား

Zawgyi ျဖင့္ဖတ္ရန္

တကယ္ေတာ့ ထမင္းကို လက္နဲ႔စားတာ၊ လက္ေခ်ာင္းေတြ လ်ာနဲ႔ လ်က္တာေတြဟာ က်န္းမာေရးနဲ႔ ပိုမိုကိုက္ညီျပီး တခ်ဳိ႕ေနရာေတြမွာ ပိုလုိ႔ေတာင္ အသုံးတည့္ပါေသးတယ္။ ဒါ့အျပင္ ေရာဂါေတြကိုလည္း ကာကြယ္တားဆီးေပးပါေသးတယ္တဲ့။ နည္းနည္းေတာ့ ထူးဆန္းသြားပါလိမ့္မယ္။ ဒါေပမယ့္ ထမင္းကို လက္နဲ႕စားျခင္းဟာ ပိုမုိသင့္ေတာ္ေၾကာင္း သက္ေသျပေပးမယ့္ အရာေတြက

ဆီးခ်ဳိေရာဂါ (Diabetes Type 2) ကာကြယ္ေပးျခင္း

ထမင္းကို အလ်င္စလုိ စားသူေတြဟာ ဆီးခ်ဳိေရာဂါ (diabetes type 2) ခံစားဖုိ႔ အလားအလာ ပုိမ်ားပါတယ္။ ထမင္းကို ခက္ရင္းနဲ႔ ဓားနဲ႔ စားတာဟာ လက္နဲ႔စားတာထက္ ပိုမိုျမန္ဆန္တယ္ဆုိတဲ့ အခ်က္နဲ႔ ပတ္သက္ျပီး အဆင္ေျပရင္ လက္နဲ႔ပဲ စားတာ ပိုေကာင္းေၾကာင္း ထင္ရွားပါတယ္။

အစာေခ်ဖ်က္မႈ ပိုမိုေကာင္းမြန္ျခင္း

အႏၱရာယ္ျဖစ္ေစတဲ့ ဘက္တီးရီးယား ပိုးမြားမ်ား ရွင္းလင္းဖယ္ရွားဖုိ႔ လက္ေဆးျပီးေနာက္ အက်ဳိးျပဳတဲ့ ဘက္တီးရီးယားေတြ ဆက္လက္က်န္ရိွပါတယ္။ အဲဒီလုိ လက္နဲ႔ ထမင္းစားတဲ့အခါ စားျမိန္ျပီး ခႏၶာကုိယ္အတြင္းရိွ အႏၱရာယ္ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကိုလည္း ရွင္းလင္းေပးပါတယ္။

ထိုစဥ္မွာ ဦးေႏွာက္က အစားအစာ ပူလား ေအးလား၊ အမာလား အေပ်ာ့လားဆုိတာ အာရုံေၾကာကေနတဆင့္ အခ်က္အလက္ေတြ ရရိွပါတယ္။ အဲဒီေတာ့ ခႏၶာကုိယ္အစာေခ်ဖ်က္မႈ ေဆာင္ရြက္ဖုိ႔ ၾကိဳတင္ ျပင္ဆင္ေပးပါတယ္။

ဒီနည္းလမ္းက က်န္းမာေရး ေဒါင္ေဒါင္ျမည္ျဖစ္ေစဖုိ႔ အေကာင္းဆုံးနည္းလည္းျဖစ္ပါတယ္။

အလုပ္တစ္ခုခုလုပ္ေနရင္း ထမင္းစားသူေတြဟာ ထမင္းစားပြဲေပၚထမင္းကိုသာ အာရုံစုိက္စားသူေတြထက္ အစားပုိစားမိၾကတယ္။ အဲဒီလုိ လက္ႏွစ္ဖက္လုံးနဲ႔ စားေတာ့ ႏွစ္ဖက္လုံးအလုပ္ရႈပ္ေနတဲ့အတြက္ တျခားအလုပ္တစ္ခုခုလုပ္လုိ႔ မရေတာ့ျဖစ္ျပီး ထမင္းစားတဲ့အေပၚမွာသာ အာရုံစုိက္မွာျဖစ္တယ္။ ဒါ့ေၾကာင့္ ဘယ္ေလာက္စားခဲ့ျပီးလဲ၊ ဘယ္ေတာ့ နားရမွာလဲဆုိတာ သတိျပဳမိမွာျဖစ္ပါတယ္။

Ref: GMC

Credit – Trend Myanmar

Unicode

တကယ်တော့ ထမင်းကို လက်နဲ့စားတာ၊ လက်ချောင်းတွေ လျာနဲ့ လျက်တာတွေဟာ ကျန်းမာရေးနဲ့ ပိုမိုကိုက်ညီပြီး တချို့နေရာတွေမှာ ပိုလို့တောင် အသုံးတည့်ပါသေးတယ်။ ဒါ့အပြင် ရောဂါတွေကိုလည်း ကာကွယ်တားဆီးပေးပါသေးတယ်တဲ့။ နည်းနည်းတော့ ထူးဆန်းသွားပါလိမ့်မယ်။ ဒါပေမယ့် ထမင်းကို လက်နဲ့စားခြင်းဟာ ပိုမိုသင့်တော်ကြောင်း သက်သေပြပေးမယ့် အရာတွေက

ဆီးချိုရောဂါ (Diabetes Type 2) ကာကွယ်ပေးခြင်း

ထမင်းကို အလျင်စလို စားသူတွေဟာ ဆီးချိုရောဂါ (diabetes type 2) ခံစားဖို့ အလားအလာ ပိုများပါတယ်။ ထမင်းကို ခက်ရင်းနဲ့ ဓားနဲ့ စားတာဟာ လက်နဲ့စားတာထက် ပိုမိုမြန်ဆန်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အဆင်ပြေရင် လက်နဲ့ပဲ စားတာ ပိုကောင်းကြောင်း ထင်ရှားပါတယ်။

အစာချေဖျက်မှု ပိုမိုကောင်းမွန်ခြင်း

အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွားများ ရှင်းလင်းဖယ်ရှားဖို့ လက်ဆေးပြီးနောက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ဆက်လက်ကျန်ရှိပါတယ်။ အဲဒီလို လက်နဲ့ ထမင်းစားတဲ့အခါ စားမြိန်ပြီး ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ရှင်းလင်းပေးပါတယ်။

ထိုစဉ်မှာ ဦးနှောက်က အစားအစာ ပူလား အေးလား၊ အမာလား အပျော့လားဆိုတာ အာရုံကြောကနေတဆင့် အချက်အလက်တွေ ရရှိပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်အစာချေဖျက်မှု ဆောင်ရွက်ဖို့ ကြိုတင် ပြင်ဆင်ပေးပါတယ်။

ဒီနည်းလမ်းက ကျန်းမာရေး ဒေါင်ဒေါင်မြည်ဖြစ်စေဖို့ အကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။

အလုပ်တစ်ခုခုလုပ်နေရင်း ထမင်းစားသူတွေဟာ ထမင်းစားပွဲပေါ်ထမင်းကိုသာ အာရုံစိုက်စားသူတွေထက် အစားပိုစားမိကြတယ်။ အဲဒီလို လက်နှစ်ဖက်လုံးနဲ့ စားတော့ နှစ်ဖက်လုံးအလုပ်ရှုပ်နေတဲ့အတွက် တခြားအလုပ်တစ်ခုခုလုပ်လို့ မရတော့ဖြစ်ပြီး ထမင်းစားတဲ့အပေါ်မှာသာ အာရုံစိုက်မှာဖြစ်တယ်။ ဒါ့ကြောင့် ဘယ်လောက်စားခဲ့ပြီးလဲ၊ ဘယ်တော့ နားရမှာလဲဆိုတာ သတိပြုမိမှာဖြစ်ပါတယ်။

Ref: GMC

Credit – Trend Myanmar

Leave a Reply

Your email address will not be published. Required fields are marked *