႐ုရွားႏိုင္ငံကတာ စစ္ေရးစြမ္းရည္ၿပဳိင္ပြဲ၀င္ေနတဲ့ ျမန္မာ့တပ္မေတာ္ Sniper တပ္ဖြဲ႕

ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမဳိ႕အနီး အလာဘီႏို စစ္ေရးေလ့က်င့္ကြင္းမွာ က်င္းပေနတဲ့ ႏိုင္ငံတကာ စစ္ေရးစြမ္းရည္ၿပဳိင္ပြဲ ဒုတိယေန႔ ျမန္မာ့တပ္မေတာ္ Sniper အဖြဲ႕ဟာ အဆင့္ ၆ နဲ႔ ရပ္တည္ႏိုင္ခဲ့တယ္လို႔ ျမန္မာစစ္တပ္သတင္း လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။

ပထမေန႔ပြဲစဥ္ေတြအၿပီးမွာ ျမန္မာ့ တပ္မေတာ္ Sniper အဖြဲ႕က ႏိုင္ငံတကာ အသင္း ၁၉ သင္းအနက္ အဆင့္ ၈ နဲ႔ ရပ္တည္ခဲ့ရာက အဆင့္တက္လာခဲ့တာလို႔ ဆိုပါတယ္။

႐ုရွားနဲ႔ တရုတ္အပါအ၀င္ ကမၻာ့ စစ္အင္အားႀကီးႏိုင္ငံေတြက တပ္ဖြဲ႔ေတြ ပါ၀င္ယွဥ္ၿပဳိင္ၾကတဲ့ စစ္ေရးျပၿပဳိင္ပြဲမွာ ျမန္မာ့တပ္မေတာ္အေနနဲ႔ တင့္ကားစြမ္းရည္ၿပဳိင္ပြဲ၊ Sniper စြမ္းရည္ၿပဳိင္ပြဲ နဲ႔ ေဆးတပ္ဖြဲ႔ စြမ္းရည္ၿပဳိင္ပြဲ သံုးမ်ဳိးမွာ ပထမဆံုးအႀကိမ္ ပါ၀င္ ယွဥ္ၿပဳိင္ ေနတာျဖစ္ပါတယ္။

၂၀၁၈ ႏုိင္ငံတကာ စစ္ေရးစြမ္းရည္ၿပိဳင္ပြဲကို သီတင္း ႏွစ္ပတ္ၾကာက်င္းပေနရာမွာ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၃၀ ေက်ာ္က တပ္ဖြဲ႔ေပါင္း ၂၀၀ ေလာက္က ၾကည္း၊ ေရ၊ ေလ နယ္ပယ္သံုးမ်ဳိးမွာ စစ္ေရးစြမ္းရည္ အမ်ဳိးအစား ၂၈ မ်ဳိးကို ယွဥ္ၿပဳိင္ေနၾကတာပါ။

ဓာတ္ပံု-Myanmar Military News
DVB

ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး အလာဘီနို စစ်ရေးလေ့ကျင့်ကွင်းမှာ ကျင်းပနေတဲ့ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲ ဒုတိယနေ့ မြန်မာ့တပ်မတော် Sniper အဖွဲ့ဟာ အဆင့် ၆ နဲ့ ရပ်တည်နိုင်ခဲ့တယ်လို့ မြန်မာစစ်တပ်သတင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ပထမနေ့ပွဲစဉ်တွေအပြီးမှာ မြန်မာ့ တပ်မတော် Sniper အဖွဲ့က နိုင်ငံတကာ အသင်း ၁၉ သင်းအနက် အဆင့် ၈ နဲ့ ရပ်တည်ခဲ့ရာက အဆင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်အပါအဝင် ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံတွေက တပ်ဖွဲ့တွေ ပါ၀င်ယှဉ်ပြိုင်ကြတဲ့ စစ်ရေးပြပြိုင်ပွဲမှာ မြန်မာ့တပ်မတော်အနေနဲ့ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ Sniper စွမ်းရည်ပြိုင်ပွဲ နဲ့ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ သုံးမျိုးမှာ ပထမဆုံးအကြိမ် ပါ၀င် ယှဉ်ပြိုင် နေတာဖြစ်ပါတယ်။

၂၀၁၈ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲကို သီတင်း နှစ်ပတ်ကြာကျင်းပနေရာမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က တပ်ဖွဲ့ပေါင်း ၂၀၀ လောက်က ကြည်း၊ ရေ၊ လေ နယ်ပယ်သုံးမျိုးမှာ စစ်ရေးစွမ်းရည် အမျိုးအစား ၂၈ မျိုးကို ယှဉ်ပြိုင်နေကြတာပါ။

ဓာတ်ပုံ-Myanmar Military News
DVB

Leave a Reply

Your email address will not be published. Required fields are marked *