လန်ဒန်မြို့က ကြေးရတက် လူငယ်တွေရဲ့ နေထိုင်မှုပုံစံ




××××××××××××××××××

လန်ဒန်မြို့ အသိုင်းအဝိုင်းက ကြေးရတက် လူတန်းစားလူငယ်တွေရဲ့ လူနေမှု ဘဝတွေကို ဖော်ပြတဲ့ အင်စတာဂရမ်အကောင့်အသစ်တစ်ခု ထွက်ပေါ်လာပါတယ်။ ဘယ်သူမှ ထိလို့မရတဲ့ ကြေးရတက် လူငယ်တွေရဲ့ဘဝ ဆိုပြီး အင်စတာဂရမ်အကောင့်မှာ ရေးသားထားပါတယ်။

ချမ်းသာတဲ့မိသားစုက လူငယ်တွေရဲ့ နေထိုင်မှု ဘဝပုံစံတွေကို Rich Kids of London ဆိုတဲ့ အင်စတာဂရမ်အကောာင့်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံကားတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေရဲ့ ဓာတ်ပုံတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

အငြင်းပွားစရာ အဖြစ်ဆုံး ဓာတ်ပုံတစ်ပုံကတော့ စတာလင်ပေါင် ၅၀ တန်တစ်ရွက်ကို ဖိနပ်ဖုန်သုတ်ဖို့ အသုံးပြုနေတာပါ။ နောက်တစ်ပုံက ပေါင် ၅၀ တန်ပိုက်ဆံ အထပ်လိုက်ကို တစ်ရှုးစက္ကူဘူးထဲ စက္ကူတွေသဖွယ် ထည့်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *