တမလြန္က သင့္ကို ဆက္သြယ္ဖုိ႔ ႀကိဳးစားေနတယ္ဆုိတာ ျပတဲ့ လကၡဏာ (၇) ရပ္

တမလြန္ဘဝကေန လူ႔ဘဝကို ဆက္သြယ္ဖို႔ဆုိတာ ဖုန္းေခၚသလို လြယ္တဲ့ ကိစၥမဟုတ္ပါဘူး။ ဝိညာဥ္က သင့္ကို ဆက္သြယ္ခ်င္တဲ့အခါ ေအာက္ပါ အခ်က္ေတြနဲ႔ ဆက္သြယ္တတ္ပါတယ္။

၁။ အိပ္မက္

အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ဝိညာဥ္ျဖစ္သြားတဲ့ ကိုယ္ရဲ႕ခ်စ္ခင္သူတစ္ေယာက္က ကိုယ့္ကို ဆက္သြယ္ဖို႔ ပိုလြယ္သြားတယ္လို႔ ဆုိပါတယ္။ အိပ္မက္တုိင္းေတာ့ သူတုိ႔ လာမလည္ပါဘူး။ အိပ္မက္ဟာ အရမ္းကို ရွင္းလင္း ျပတ္သားေနၿပီး အိပ္ရာက ႏိုးၿပီးတာေတာင္ အခ်ိန္အေတာ္ၾကာအထိ သတိတရရွိေနေသးရင္ အိပ္မက္မဟုတ္ဘဲ တကယ္ျဖစ္ခဲ့တာလို႔ သင္ကိုယ္တုိင္ သတိထားမိပါလိမ့္မယ္။

၂။ ငွက္ေမြး

ေဆြမ်ဳိးရင္းခ်ာထဲက တစ္ဦးဦးဆံုးပါးသြားတဲ့အခါ ဒါမွမဟုတ္ ကြယ္လြန္သြားသူတစ္ဦးအေၾကာင္း စဥ္းစားတဲ့အခါမွာ အျဖဴေရာင္ ငွက္ေမြးေလးေတြကို လူေတာ္ေတာ္မ်ားမ်ား ျမင္ဖူးၾကပါတယ္။ အဓိပၸာယ္ကေတာ့ ကြယ္လြန္သြားသူဟာ တျခားဘဝတစ္ခုကို ကူးသြားၿပီး စိုးရိမ္စရာမလုိေတာ့တဲ့အေၾကာင္းကို နတ္ေတြက ျပသလိုက္တာပါတဲ့။

 

၃။ ဂီတ

ကြယ္လြန္သူေတြက ေရဒီယိုကေန တစ္ဆင့္လည္း ဆက္သြယ္ဖို႔ ႀကိဳးစားၾကတယ္လို႔ ဆုိပါတယ္။ ေသဆံုးသြားသူတစ္ဦးအေၾကာင္း စဥ္းစားခ်ိန္မွာ ေရဒီယိုထဲကေန သူတုိ႔က သီခ်င္းသံနဲ႔ ျပန္ဆက္သြယ္တတ္ပါတယ္တဲ့။ အဲဒီလုိအခ်ိန္မွာ သီခ်င္းသံက ဟိုးအေဝးႀကီးက လာသလို ခံစားရတယ္လို႔ ဆုိပါတယ္။ တခ်ဳိ႕ကေတာ့ ဒါကို တိုက္ဆုိင္မႈတစ္ခုလို႔ ဆိုေပမဲ့ တခ်ဳိ႕ကေတာ့ တမလြန္ဘဝက ဆက္သြယ္ေျပာဆုိမႈလို႔ လိုရာဆြဲေတြးၾကပါတယ္။

၄။ အနံ႔

ေသဆံုးသူ တစ္ေယာက္ကို သတိရမိတဲ့အခါ သူတုိ႔ သံုးေနက် ေရေမြး၊ ဒါမွမဟုတ္ စီးကရက္နံ႔ကို ရတယ္ဆုိရင္ ဒါဟာ သူတုိ႔ သင့္အနားမွာ ရွိေနတဲ့ လကၡဏာပါ။

၅။ ရပ္ေနတဲ့ နာရီ

နာရီက လူတစ္ေယာက္ေသဆံုးတဲ့အခ်ိန္မွာ ရပ္သြားတာ၊ ဒါမွမဟုတ္ အစက ေကာင္းေကာင္း သြားေနတဲ့ နာရီက သင္ေရာက္သြားမွ ရပ္သြားတာဆုိရင္ေတာ့ သင့္အတြက္ တစ္ခုခု အဓိပၸာယ္ ရွိပါတယ္။

၆။ ဖုန္းတစ္ႀကိမ္ျမည္ျခင္း

အိမ္ဖုန္းေတြမွာ ျဖစ္တတ္ပါတယ္။ ဖုန္းက တစ္ႀကိမ္တည္းျမည္ၿပီး ရပ္သြားတာဆုိရင္ေတာ့ ေသဆံုးသြားသူတစ္ဦးက လွ်ပ္စစ္စြမ္းအင္ကို သံုးၿပီး သင့္ကို ဆက္သြယ္ဖို႔ ႀကိဳးစားတာ ျဖစ္ႏုိင္ပါတယ္။

၇။ ဓာတ္ပံုေတြထဲက အရိပ္ေတြ

သင္နဲ႔ အနီးစပ္ဆံုးသူတစ္ဦးကို ဆံုး႐ႈံးရၿပီးတဲ့ေနာက္ ဓာတ္ပံုေတြထဲမွာ အျဖဴေရာင္အလင္းလံုးေလး ပါေနတယ္ဆုိရင္ေတာ့ သူတုိ႔ သင့္ဆီကို လာလည္တဲ့ အဓိပၸာယ္ပါ။

××××××

တမလွန်ဘဝကနေ လူ့ဘဝကို ဆက်သွယ်ဖို့ဆိုတာ ဖုန်းခေါ်သလို လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဝိညာဉ်က သင့်ကို ဆက်သွယ်ချင်တဲ့အခါ အောက်ပါ အချက်တွေနဲ့ ဆက်သွယ်တတ်ပါတယ်။

၁။ အိပ်မက်

အိပ်ပျော်နေတဲ့အချိန်မှာ ဝိညာဉ်ဖြစ်သွားတဲ့ ကိုယ်ရဲ့ချစ်ခင်သူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့ ပိုလွယ်သွားတယ်လို့ ဆိုပါတယ်။ အိပ်မက်တိုင်းတော့ သူတို့ လာမလည်ပါဘူး။ အိပ်မက်ဟာ အရမ်းကို ရှင်းလင်း ပြတ်သားနေပြီး အိပ်ရာက နိုးပြီးတာတောင် အချိန်အတော်ကြာအထိ သတိတရရှိနေသေးရင် အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာလို့ သင်ကိုယ်တိုင် သတိထားမိပါလိမ့်မယ်။

၂။ ငှက်မွေး

ဆွေမျိုးရင်းချာထဲက တစ်ဦးဦးဆုံးပါးသွားတဲ့အခါ ဒါမှမဟုတ် ကွယ်လွန်သွားသူတစ်ဦးအကြောင်း စဉ်းစားတဲ့အခါမှာ အဖြူရောင် ငှက်မွေးလေးတွေကို လူတော်တော်များများ မြင်ဖူးကြပါတယ်။ အဓိပ္ပာယ်ကတော့ ကွယ်လွန်သွားသူဟာ တခြားဘဝတစ်ခုကို ကူးသွားပြီး စိုးရိမ်စရာမလိုတော့တဲ့အကြောင်းကို နတ်တွေက ပြသလိုက်တာပါတဲ့။

၃။ ဂီတ

ကွယ်လွန်သူတွေက ရေဒီယိုကနေ တစ်ဆင့်လည်း ဆက်သွယ်ဖို့ ကြိုးစားကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတစ်ဦးအကြောင်း စဉ်းစားချိန်မှာ ရေဒီယိုထဲကနေ သူတို့က သီချင်းသံနဲ့ ပြန်ဆက်သွယ်တတ်ပါတယ်တဲ့။ အဲဒီလိုအချိန်မှာ သီချင်းသံက ဟိုးအဝေးကြီးက လာသလို ခံစားရတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ ဆိုပေမဲ့ တချို့ကတော့ တမလွန်ဘဝက ဆက်သွယ်ပြောဆိုမှုလို့ လိုရာဆွဲတွေးကြပါတယ်။

၄။ အနံ့

သေဆုံးသူ တစ်ယောက်ကို သတိရမိတဲ့အခါ သူတို့ သုံးနေကျ ရေမွေး၊ ဒါမှမဟုတ် စီးကရက်နံ့ကို ရတယ်ဆိုရင် ဒါဟာ သူတို့ သင့်အနားမှာ ရှိနေတဲ့ လက္ခဏာပါ။

၅။ ရပ်နေတဲ့ နာရီ

နာရီက လူတစ်ယောက်သေဆုံးတဲ့အချိန်မှာ ရပ်သွားတာ၊ ဒါမှမဟုတ် အစက ကောင်းကောင်း သွားနေတဲ့ နာရီက သင်ရောက်သွားမှ ရပ်သွားတာဆိုရင်တော့ သင့်အတွက် တစ်ခုခု အဓိပ္ပာယ် ရှိပါတယ်။

၆။ ဖုန်းတစ်ကြိမ်မြည်ခြင်း

အိမ်ဖုန်းတွေမှာ ဖြစ်တတ်ပါတယ်။ ဖုန်းက တစ်ကြိမ်တည်းမြည်ပြီး ရပ်သွားတာဆိုရင်တော့ သေဆုံးသွားသူတစ်ဦးက လျှပ်စစ်စွမ်းအင်ကို သုံးပြီး သင့်ကို ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။

၇။ ဓာတ်ပုံတွေထဲက အရိပ်တွေ

သင်နဲ့ အနီးစပ်ဆုံးသူတစ်ဦးကို ဆုံးရှုံးရပြီးတဲ့နောက် ဓာတ်ပုံတွေထဲမှာ အဖြူရောင်အလင်းလုံးလေး ပါနေတယ်ဆိုရင်တော့ သူတို့ သင့်ဆီကို လာလည်တဲ့ အဓိပ္ပာယ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *