အေမရိကန္ႏိုင္ငံမွ ေၾကာက္စရာအေကာင္းဆံုး သရဲအိမ္ ( ၇ ) ခု

၁ The Dent Schoolhouse

ဒီသရဲအိမ္ကိုေတာ့ ဂ်ံဳစက္ေဟာင္းတစ္ခုပံုစံေဆာက္လုပ္ထားၿပီး Freedy Krueger ရဲ႕ဇာတ္လမ္းကုိအေျချပဳကာ ဖန္တီးတည္ေဆာက္ခဲ့တာပဲ ျဖစ္ပါတယ္။ဇာတ္လမ္းထဲမွာဆိုရင္ ခ်ာလီ နဲ႔ သူသတ္ခဲ့တဲ့ကေလးေတြဟာ ေက်ာင္းႀကီးတစ္ခုလံုးမွာေျခာက္လွန္႔ေနၾကတာပဲ ျဖစ္ပါတယ္။

၂. The 13th Gate

လူသတ္လူရႊင္ေတာ္ေတြ ၊ တေစၦပူးေနတဲ့ ကေလးေတြနဲ႔ ေႁမြေတြနဲ႔ၾကံဳေတြ႔ခ်င္တဲ့သူေတြအတြက္ေတာ့ ဒီအိမ္ႀကီးကအိမ္မက္ဆိုးေကာင္းေကာင္းေပးစြမ္းႏိုင္မယ့္ေနရာတစ္ခုပဲ 13 gate ဟာဆိုရင္ ေမွာင္မဲေနတဲ့ ေျမေအာက္လိႈင္ေခါင္းလိုေနရာတစ္ခုျဖစ္ၿပီးေတာ့ special effect ေတြနဲ႔ ေဟာလိဝုဒ္အဆင့္မိတ္ကပ္ျပင္ဆင္ထားတဲ့အဖြဲ႔သားေတြလည္း အလြန္ကုိေၾကာက္မက္ဖြယ္ေကာင္းလွပါတယ္။

၃. Blackout

ဒီအိမ္ထဲကုိဝင္မယ္ဆိုရင္ ၁၈ ႏွစ္ျပည့္ၿပီးသူတစ္ေယာက္ျဖစ္ရမွာျဖစ္ေၾကာင္းလက္မွတ္ေရးထိုးရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိမ္ထဲမွာ႐ွိတဲ့အရာေတြဟာ အလြန္အမင္းဆိုးရြားလြန္းတဲ့အရာေတြျဖစ္တာေၾကာင့္ပါပဲ။ျမဴဆိုင္းတာ ၊ပိတ္းပိန္ေအာင္ေမွာင္တာမ်ိဳး ၊ေရေတြက်လာတာမ်ိဳးနဲ႔ ကုိယ့္ကုိ လာထိတာမ်ိဳးေတြေတာင္႐ွိႏိုင္ပါတယ္။ ထို႔အျပင္ လူတစ္ေယာက္ကုိ အ႐ွင္လတ္လတ္အေရခြံႏႊာေနတဲ့ အခနိးမ်ိဳးကုိလည္း ျဖတ္သန္းသြားရမွာျဖစ္တဲ့အတြက္ အေတာ္ေလးစိတ္ခိုင္ဖို႔လိုအပ္ပါလိမ့္မယ္။

၄. Haunted Hoochie at Dead Acres

ဒီအိမ္အဝမွာကပ္ထားတဲ့စာကေတာ့
“ခနၶာကုိယ္နဲ႔စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ႐ွိႏိုင္ပါတယ္” တဲ့။
အိမ္ထဲဝင္ခဲ့သူတစ္ေယာက္အေျပာအရေတာ့ ကုိယ့္ေျခေထာက္ကုိ လႊစက္နဲ႔ ထိခါနီးထိၾကံဳခဲ့ရပါတယ္လို႔သိရပါတယ္

၅. Cutting Edge

ဒီအိမ္ကေတာ့ အေတာ္႐ွည္လ်ားတဲ့ သရဲအိမ္ပဲ ျဖစ္ပါတယ္။
အိမ္တစ္ေလ်ာက္ တစ္နာရီေက်ာ္လမ္းေလ်ာက္ရမွာျဖစ္ၿပီး အခ်ိန္တိုင္းမွာ ေၾကာက္စရာမ်ိဳးစံုဖန္တီးထားတဲ့ဘအခန္းတိုင္းကုိ ျဖတ္သြားရမွာျဖစ္ပါတယ္။

၆. Freakling Bros: Gates of Hell

ဒီေနရာကေတာ့ အလြန္ကုိ ေၾကာက္စရာေကာင္းလြန္းတဲ့ေနရာတစ္ခုပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ လူတစ္ေယာက္ကုိ ဒရြတ္တိုက္ဆြဲသြားၿပီး ပါးစပ္မွာမီးေတာက္ေနတဲ့လူရႊင္ေတာ္ေတြကလည္း ဝိုင္းကိုက္ၾကပါေသးတယ္။ဒါကိုေတာ့ ငရဲသား အေတြ႔အၾကံဳလို႔ သူတို႔ကေျပာၾကပါတယ္။

၇. McKamey Manor

ဒီအိမ္ကုိေတာ့ ပါးစပ္နဲ႔လက္ကုိ တိတ္နဲ႔ပတ္ၿပီးေတာ့ ဝင္ရမွာျဖစ္ၿပီး အတြင္းမွာ ေသြးတုေတြစင္တာမ်ိဳးၾကံဳေတြ႔ရမွာျဖစ္ပါတယ္။ထို႔အျပင္ အိမ္ထဲက အရာေတြေၾကာင့္ အဝတ္ေတြစုတ္ျပဲသြားႏိုင္ေခ်လည္း႐ွိပါေသးတယ္။လူေတာ္ေတာ္မ်ားမ်ားကေတာ့ မေအာ္ဟစ္ပဲနဲ႔ ခရီးဆံုးထိမသြားႏိုင္ခဲ့ၾကပါဘူး။

Writer – Min Thu (Daily Hot News)

၁ The Dent Schoolhouse

ဒီသရဲအိမ်ကိုတော့ ဂျုံစက်ဟောင်းတစ်ခုပုံစံဆောက်လုပ်ထားပြီး Freedy Krueger ရဲ့ဇာတ်လမ်းကိုအခြေပြုကာ ဖန်တီးတည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာဆိုရင် ချာလီ နဲ့ သူသတ်ခဲ့တဲ့ကလေးတွေဟာ ကျောင်းကြီးတစ်ခုလုံးမှာခြောက်လှန့်နေကြတာပဲ ဖြစ်ပါတယ်။

၂. The 13th Gate

လူသတ်လူရွှင်တော်တွေ ၊ တစ္ဆေပူးနေတဲ့ ကလေးတွေနဲ့ မြွေတွေနဲ့ကြံုတွေ့ချင်တဲ့သူတွေအတွက်တော့ ဒီအိမ်ကြီးကအိမ်မက်ဆိုးကောင်းကောင်းပေးစွမ်းနိုင်မယ့်နေရာတစ်ခုပဲ 13 gate ဟာဆိုရင် မှောင်မဲနေတဲ့ မြေအောက်လှိုင်ခေါင်းလိုနေရာတစ်ခုဖြစ်ပြီးတော့ special effect တွေနဲ့ ဟောလိဝုဒ်အဆင့်မိတ်ကပ်ပြင်ဆင်ထားတဲ့အဖွဲ့သားတွေလည်း အလွန်ကိုကြောက်မက်ဖွယ်ကောင်းလှပါတယ်။

၃. Blackout

ဒီအိမ်ထဲကိုဝင်မယ်ဆိုရင် ၁၈ နှစ်ပြည့်ပြီးသူတစ်ယောက်ဖြစ်ရမှာဖြစ်ကြောင်းလက်မှတ်ရေးထိုးရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲမှာရှိတဲ့အရာတွေဟာ အလွန်အမင်းဆိုးရွားလွန်းတဲ့အရာတွေဖြစ်တာကြောင့်ပါပဲ။မြူဆိုင်းတာ ၊ပိတ်းပိန်အောင်မှောင်တာမျိုး ၊ရေတွေကျလာတာမျိုးနဲ့ ကိုယ့်ကို လာထိတာမျိုးတွေတောင်ရှိနိုင်ပါတယ်။ ထို့အပြင် လူတစ်ယောက်ကို အရှင်လတ်လတ်အရေခွံနွှာနေတဲ့ အခနိးမျိုးကိုလည်း ဖြတ်သန်းသွားရမှာဖြစ်တဲ့အတွက် အတော်လေးစိတ်ခိုင်ဖို့လိုအပ်ပါလိမ့်မယ်။

၄. Haunted Hoochie at Dead Acres

ဒီအိမ်အဝမှာကပ်ထားတဲ့စာကတော့
“ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနိုင်ပါတယ်” တဲ့။
အိမ်ထဲဝင်ခဲ့သူတစ်ယောက်အပြောအရတော့ ကိုယ့်ခြေထောက်ကို လွှစက်နဲ့ ထိခါနီးထိကြံုခဲ့ရပါတယ်လို့သိရပါတယ်

၅. Cutting Edge

ဒီအိမ်ကတော့ အတော်ရှည်လျားတဲ့ သရဲအိမ်ပဲ ဖြစ်ပါတယ်။
အိမ်တစ်လျောက် တစ်နာရီကျော်လမ်းလျောက်ရမှာဖြစ်ပြီး အချိန်တိုင်းမှာ ကြောက်စရာမျိုးစုံဖန်တီးထားတဲ့ဘအခန်းတိုင်းကို ဖြတ်သွားရမှာဖြစ်ပါတယ်။

၆. Freakling Bros: Gates of Hell

ဒီနေရာကတော့ အလွန်ကို ကြောက်စရာကောင်းလွန်းတဲ့နေရာတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကို ဒရွတ်တိုက်ဆွဲသွားပြီး ပါးစပ်မှာမီးတောက်နေတဲ့လူရွှင်တော်တွေကလည်း ဝိုင်းကိုက်ကြပါသေးတယ်။ဒါကိုတော့ ငရဲသား အတွေ့အကြံုလို့ သူတို့ကပြောကြပါတယ်။

၇. McKamey Manor

ဒီအိမ်ကိုတော့ ပါးစပ်နဲ့လက်ကို တိတ်နဲ့ပတ်ပြီးတော့ ဝင်ရမှာဖြစ်ပြီး အတွင်းမှာ သွေးတုတွေစင်တာမျိုးကြံုတွေ့ရမှာဖြစ်ပါတယ်။ထို့အပြင် အိမ်ထဲက အရာတွေကြောင့် အဝတ်တွေစုတ်ပြဲသွားနိုင်ချေလည်းရှိပါသေးတယ်။လူတော်တော်များများကတော့ မအော်ဟစ်ပဲနဲ့ ခရီးဆုံးထိမသွားနိုင်ခဲ့ကြပါဘူး။

Writer – Min Thu (Daily Hot News)

Leave a Reply

Your email address will not be published. Required fields are marked *