ရွင္သန္ျခင္းနဲ႔ ေသဆုံးျခင္းကို ေလ့လာႏိုင္တဲ့ ထိုင္းႏိုင္ငံက ဘုန္းႀကီးေက်ာင္း

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရဲ႕ အေနာက္ဘက္စြန္းက “Ratchaburi” ဆိုတဲ့ေနရာဟာ ထိုင္းႏိုင္ငံရဲ႕ “ေရေပၚေဈး” ရွိလို႔ ေက်ာ္ၾကားတဲ့ ေနရာတခုပါ။ ဗဟိုစီရင္စုမွာရွိတဲ့ ဒီေနရာက ဘုန္းႀကီးေက်ာင္း တေက်ာင္းဟာ ရွင္သန္ျခင္းနဲ႔ေသဆုံးျခင္းကို ေလ့လာခ်င္တဲ့ သူေတြကို လာေရာက္ေလ့လာဖို႔ ဖိတ္ေခၚထားပါတယ္။

အဲဒီေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္ကေတာ့ ဒီအခြင့္အေရးဟာ ဘယ္ေနရာမွာမွ ရွာေဖြလို႔ မရႏိုင္ဘူးလို႔ ဆိုပါတယ္။ အဆိုပါ ေက်ာင္းမွာ ရွိေနတဲ့ အဲဒီအခန္း၊ ခန္းမဟာ ဘက္စုံသုံးဖို႔ စီစဥ္ထားတာျဖစ္ၿပီး အေလာင္းမ်ားကို မီးသၿဂိဳဟ္ဖို႔ အဓိက သုံးတယ္လို႔ သိရပါတယ္။ ေနရမယ့္ အခန္းဟာ မီးသၿဂိဳဟ္တဲ့အခန္းရဲ႕ အေပၚတည့္တည့္မွာရွိၿပီး ေနရမယ့္ အခန္းရဲ႕ အေပၚမွာ စတိုခန္း ရွိေနပါတယ္။

အခန္းကိုေတာ့ ဟိုတယ္လို ျပင္ဆင္ထားေပးပါတယ္။ ဒီအခန္းမွာ လာအိပ္မယ့္သူဟာ အခန္းခ ေပးစရာ မလိုေပ့မယ္ အခန္းက ျပန္ထြက္ရင္ေတာ့ ဘုန္းႀကီးေက်ာင္းကို အလႉေငြ ေစတနာ ရွိသေလာက္ ထည့္ခဲ့ရပါမယ္။

ယခင္ကေတာ့ ဒီအခန္းကို ရဟန္းေတြ အသုဘ ကမၼ႒ာန္းရႈဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။ ရဟန္းမ်ားဟာ အသုဘ ကမၼ႒ာန္းရႈၿပီး ႐ုပ္/နာမ္တို႔ရဲ႕ ျဖစ္ပ်က္သေဘာကို ဆင္ျခင္ဖို႔ ျပင္ဆင္ထားတဲ့ ဒီအခန္းကို ယခုအခါမွာ ျပည္သူေတြ ဝင္ေရာက္ဖို႔ ဖြင့္လွစ္ေပးတာပါ။

ဒါကို ေက်ာင္းထိုင္ဆရာေတာ္ဟာ စိန္ေခၚမႈတရပ္အေနနဲ႔ လုပ္ခဲ့တာျဖစ္ၿပီး စိန္ေခၚမႈကိုလက္ခံသူဟာ ေအာက္မွာ မီးသၿဂိဳဟ္ခန္းနဲ႔ အေပၚမွာ စတိုခန္းရွိေနတဲ့ ဒီေခ်ာက္ခ်ားစရာ ေနရာမွာ လာေရာက္ အိပ္စက္ရမွာ ျဖစ္ပါတယ္။စိန္ေခၚမႈကိုလက္ခံသူဟာ တဦးထဲျဖစ္ေစ၊ ႏွစ္ေယာက္တြဲျဖစ္ေစ၊ အဖြဲ႕လိုက္ျဖစ္ေစ လာေရာက္ အိပ္စက္ခြင့္ရွိတယ္လို႔ သိရပါတယ္။

ေက်ာင္းထိုင္ဆရာေတာ္က ဒီလိုဖြင့္ေပးလိုက္တာဟာ လာအိပ္မယ့္ လူေတြရဲ႕ စိတ္ဓာတ္သန္မာမႈကို သိလိုတဲ့ အတြက္လို႔ ဆိုပါတယ္။ ဒီအခန္းဟာ က်ယ္ဝန္းၿပီး ေမွာင္မဲေလွာင္ပိတ္ေနျခင္း မရွိေပမယ့္ ေလေတာ့ အေတာ္တိုက္တယ္လို႔ ဆိုပါတယ္။

Ref; bangkokpost.com
Credit-the irrawaddy

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို လေ့လာနိုင်တဲ့ ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ အနောက်ဘက်စွန်းက “Ratchaburi” ဆိုတဲ့နေရာဟာ ထိုင်းနိုင်ငံရဲ့ “ရေပေါ်ဈေး” ရှိလို့ ကျော်ကြားတဲ့ နေရာတခုပါ။ ဗဟိုစီရင်စုမှာရှိတဲ့ ဒီနေရာက ဘုန်းကြီးကျောင်း တကျောင်းဟာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို လေ့လာချင်တဲ့ သူတွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ထားပါတယ်။

အဲဒီကျောင်းက ကျောင်းထိုင်ဆရာတော်ကတော့ ဒီအခွင့်အရေးဟာ ဘယ်နေရာမှာမှ ရှာဖွေလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အဆိုပါ ကျောင်းမှာ ရှိနေတဲ့ အဲဒီအခန်း၊ ခန်းမဟာ ဘက်စုံသုံးဖို့ စီစဉ်ထားတာဖြစ်ပြီး အလောင်းများကို မီးသဂြိုဟ်ဖို့ အဓိက သုံးတယ်လို့ သိရပါတယ်။ နေရမယ့် အခန်းဟာ မီးသဂြိုဟ်တဲ့အခန်းရဲ့ အပေါ်တည့်တည့်မှာရှိပြီး နေရမယ့် အခန်းရဲ့ အပေါ်မှာ စတိုခန်း ရှိနေပါတယ်။

အခန်းကိုတော့ ဟိုတယ်လို ပြင်ဆင်ထားပေးပါတယ်။ ဒီအခန်းမှာ လာအိပ်မယ့်သူဟာ အခန်းခ ပေးစရာ မလိုပေ့မယ် အခန်းက ပြန်ထွက်ရင်တော့ ဘုန်းကြီးကျောင်းကို အလှူငွေ စေတနာ ရှိသလောက် ထည့်ခဲ့ရပါမယ်။

ယခင်ကတော့ ဒီအခန်းကို ရဟန်းတွေ အသုဘ ကမ္မဋ္ဌာန်းရှုဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ရဟန်းများဟာ အသုဘ ကမ္မဋ္ဌာန်းရှုပြီး ရုပ်/နာမ်တို့ရဲ့ ဖြစ်ပျက်သဘောကို ဆင်ခြင်ဖို့ ပြင်ဆင်ထားတဲ့ ဒီအခန်းကို ယခုအခါမှာ ပြည်သူတွေ ဝင်ရောက်ဖို့ ဖွင့်လှစ်ပေးတာပါ။

ဒါကို ကျောင်းထိုင်ဆရာတော်ဟာ စိန်ခေါ်မှုတရပ်အနေနဲ့ လုပ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှုကိုလက်ခံသူဟာ အောက်မှာ မီးသဂြိုဟ်ခန်းနဲ့ အပေါ်မှာ စတိုခန်းရှိနေတဲ့ ဒီချောက်ချားစရာ နေရာမှာ လာရောက် အိပ်စက်ရမှာ ဖြစ်ပါတယ်။စိန်ခေါ်မှုကိုလက်ခံသူဟာ တဦးထဲဖြစ်စေ၊ နှစ်ယောက်တွဲဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လာရောက် အိပ်စက်ခွင့်ရှိတယ်လို့ သိရပါတယ်။

ကျောင်းထိုင်ဆရာတော်က ဒီလိုဖွင့်ပေးလိုက်တာဟာ လာအိပ်မယ့် လူတွေရဲ့ စိတ်ဓာတ်သန်မာမှုကို သိလိုတဲ့ အတွက်လို့ ဆိုပါတယ်။ ဒီအခန်းဟာ ကျယ်ဝန်းပြီး မှောင်မဲလှောင်ပိတ်နေခြင်း မရှိပေမယ့် လေတော့ အတော်တိုက်တယ်လို့ ဆိုပါတယ်။

Ref; bangkokpost.com
Credit-the irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *